စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်စိမ်းများဆက်ကပ်လှူဒါန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၇/၂၀၂၁) တက်ရောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ရန်ကင်းကျောင်းတိုက်သို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘုန်းစိုးရပ်ကွက်၊ ဇောတိကာရာမကျောင်းတ်ိုက်သို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပြီး နန္ဒဝန်ရပ်ကွက်ရှိ၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက် ဒွါဒသမတိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအဘိဇာတာဘိဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၁)သို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် စစ်ဆေးမှုများ များများပြုလုပ်ပြီး ရောဂါပိုးတွေ့ရှိပါက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ကုသဆဲလူနာများအတွက် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် ကာကွယ်ဆေးများ အမြန် ဖြန့်ဖြူးရန်နှင့် ပြည်သူများအား အမြန်ဆုံးထိုးနှံပေးနိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံတွင် ဆောင်ရွက်နေသည့်ဝန်ထမ်းများအား လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများအား စေတနာပါပါဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စွာဝင်းက ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများတွင် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များ ပြည့်မီစွာ ရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းမျာဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် မြင်းမူမြို့၊ ကမ်းနားလမ်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ (၃၁)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပသော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ခြင်းသရုပ်ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက Truntable Ladder လှေကားတင်မီးငြှ်ိမ်းသတ်ယာဉ်နှင့် Luf 60 အဝေးထိန်းစနစ်သုံး မီးငြှိမ်းသတ်စက်များဖြင့် မီးငြှိမ်းသတ်နေမှုသရုပ်ပြသခြင်း၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေပြင်/မြေပြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအသုံးပြုခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးလောင်မှုများဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များတွင် တပ်ဆင်ထားသော Camera များမှတဆင့် ညွှန်ကြားကွပ်ကဲနိုင်သည့် Command & Control Center တို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦး က လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်း မြစ်အတွင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက Speed Boat များဖြင့် ရေပြင် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသနေမှုတို့အား ကြည့်ရှုအားပေးကာ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားရှိသော Speed Boat များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ရိုးတာဘောင် - ၁၀ ပေါက်တွဲ ရေထိန်းတံခါးကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး မြင်းမူမြို့ ဧရာဝတီမြစ်ကမ်းနားလမ်း ရေတိုက်စားခံရမှုကြောင့် အောက်ခြေမြေသား အရှည်ပေ - ၁၀၀ ခန့်၊ အကျယ် - ၈ -ပေခန့်၊ ဧရာဝတီမြစ်အတွင်းသို့ ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ အရေးပေါ်ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့်ရေထိန်းတာရိုးအား အချိန်မီပြုပြင် ပြီးစီးရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှုမြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၃၀)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်များမှ မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဌများနှင့် အစာထုတ်လုပ်ရောင်းချသူများ အသင်းအဖွဲ့များမှ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ မွေးမြူရေးနှင့်ထုတ်လုပ်ရေးကို မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ ယခုအစည်းအဝေးပြုလုပ်ပြီး ကျွန်တော်တို့အားလုံး ယခုခန်းမထဲမှာ တွေ့ဆုံညှိနိုင်းရခြင်းဖြစ်ပါကြောင်း၊ ညှိနိုင်းရရှိမှုတွေ =အပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများကလည်း မိမိတို့ တာဝန်ယူထားရမှုအပေါ် ကျေပွန်စွာဆောင်ရွက်ရန်နှင့် မွေးမြူထုတ်လုပ်သူများကလည်း တိုးချဲ့မွေးမြူကာ အရည်အသွေးပြည့်ဝတဲ့ တုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူပြည်သူများဆီ အချိန်မရွေး လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရမယ်လို့ ရည်မှန်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနိုင်းအစည်းအဝေးဟာ မွေးမြူထုတ်လုပ်မှုကို အမှန်တကယ် ဆောင်ရွက်နေတဲ့မွေးမြူရေးနှင့်အစာထုတ်လုပ်မှု လုပ်ငန်းရှင်များအစုအဖွဲ့က တာဝန်ခံများနှင့် တွေ့ဆုံပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိလိုတာရယ် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသားငါးစားသုံးမှု လုံလောက်ပြည့်၀စေလိုတာကြောင့် တာဝန်ရှိများနှင့် ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်အောင်လို့ ကျင်းပရခြင်းဖြစ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က တပ်ရင်းတပ်ဖွဲ့များ၏ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ယင်းမာပင် ခရိုင်ဦးစီးမှူးနှင့် ငါးလုပ်ငန်းဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက် ရှိသည့် မွေးမြူရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဌများနှင့် အစာ ထုတ်လုပ်ရောင်းချသူများအသင်းအဖွဲ့ ဥက္ကဌများက မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ ကြုံတွေ့ရသည့်အခက်အခဲများ၊ အစာရရှိမှုအခက်အခဲများနှင့် မွေးမြူရေးလုပ်ငန်းများအား အသီးသီး ဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခတ်အခဲများ၊ အစာရရှိမှုအခက်အခဲများနှင့် မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၁) တက်ရောက်ခြင်းနှင့် မုံရွာမြို စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၆/၂၀၂၁)ကို သြဂုတ်လ(၂၇)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုလျော့နည်းရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ကောင်းမွန်တိုးတက်သည့်ရလဒ်များ ဖြစ်ပေါ်လာသော်လည်း အချို့မြို့နယ်များတွင် ပိုးတွေ့မှု လျော့နည်းခြင်း မရှိသေးပါ၍ ပြည်သူများ ကိုယ်စီအသိဖြင့် လိုက်နာလုပ်ဆောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် တာဝန်ရှိသူများမှ ကြီးကြပ်၍ စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မြို့နယ်များတွင် တည်ဆောက်လျက်ရှိသည့် Oxygen စက်ရုံများ အချိန်မီဆောက်လုပ်ပြီးစီးရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က ကာကွယ် ဆေးများထပ်မံရောက်ရှိလာပါက မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည် ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်ဂိတ်များ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ရွှေဗျိုင်းဖြူ ကုမ္ပဏီမှလှူဒါန်းသော Liquid Oxygen Tank တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး အောက်ဆီဂျင်အိုးများဖြည့်သွင်းနေမှုနှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများထားရှိသည့် အထူးကြပ်မတ်အဆောင်အား CCTV ကင်မရာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်း တည်ဆောက်ပြီးစီးသော ရွှေဗျိုင်းဖြူ ကုမ္ပဏီမှ လှူဒါန်းသည့် Liquid Oxygen Tank သည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ - ၆၈ ဦးအား ၂၄ နာရီ အောက်ဆီဂျင်ပိုက်လိုင်းစနစ်ဖြင့် တိုက်ရိုက် ပေးပို့သွားမည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သလ္လာရတနာခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်အတူ ဆေးရုံအုပ်ကြီးထံ စားသောက် ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင်ရပ်ကွက်ရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး တာဝန်ခံမှ တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြီး Sky Home ကုမ္ပဏိမှ ဦးဝေဟင်အောင်ဝင်း က အောက်ဆီဂျင် ထုတ်လုပ်စက် လည်ပတ်နေမှုလုပ်ငန်းများနှင့် ပက်သက်၍ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ - ၈ လုံးထွက်ရှိမည်ဖြစ်ရာ တစ်ရက် ၁၂ နာရီလည်ပတ်ချိန်ဖြင့် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၁၀၀ လုံး ဖြည့်သွင်းနိုင်မည်ဖြစ်ရာ မုံရွာမြို့နှင့် အခြားမြို့နယ်များရှိ ဆေးရုံများ၊ လူမူရေး အသင်းအဖွဲ့ များနှင့်ပြည်သူများသို့ အောက်ဆီဂျင်များ ခွဲဝေဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ တိုင်းဒေသကြီး အတွင်းလိုအပ်သည့် အောက်ဆီဂျင်များပြည့်မီစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်းအစည်းအဝေး တက်ရောက် MONYWA / AUGUST 26, 2021 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်း အစည်းအဝေးကို သြဂုတ် လ(၂၆)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၃၆)ဦးမှာ Video Conferening စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြာရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့်တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စပါးသီးနှံမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြီးလျှင် စိုက်ပျိုးဧက အများဆုံး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ တို့တွင် စိုက်ဧကအများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အဓိက သီးနှံဖြစ်သည့် စပါးသီးနှံကို ပြည်တွင်းဝမ်းစာဖူလုံအောင် ဆောင်ရွက်ရုံမက ပိုလျှံသည့်စပါးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းနိုင်သည့်အပြင် ပိုလျှံသည့်ဝါဂွမ်းများအား ပြည်ပသို့တင်ပို့ခြင်းဖြင့်နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမှာ ဖြစ့်သည့်အပြင် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုး ရာသီတွင် တိုင်းဒေသကြီးအတွင်း စုစုပေါင်း- ၁၈၂၅၀၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့အထိ - ၁၂၃၂၁၆၈ ဧက စိုက်ပျိုးပြီးဖြစ်ရာ စက်တင်ဘာ လကုန်တွင် လျာထားချက် ပြည့်မီရေး ကြိုးစားဆောင်ရွက် သွားရန်နှင့် ဝါသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားချက်-၇၉၃၄၆ ဧကအပေါ် ယနေ့အချိန်အထိကို -၃၆၃၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေး စပါးနှင့်ဝါသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက်ဆောင်ရွက်နေသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးများက မိမိတို့ခရိုင် များအတွင်း စပါး၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့် အခြားသီးနှံများစ်ိုက်ပျိုးပြီးစီးမှု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ဆက်လက်စိုက်ပျိုးမည့်လုပ်ငန်းများအား အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတွင်းရေးမှူးတို့က စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအနေဖြင့် စပါးသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးရေးကိုသာမကဘဲ အခြားဝင်ငွေရသီးနှံများနှင့် စားဖိုဆောင်သီးနှံများရဲ့ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ရာ စိုက်ပျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနများပေါင်းစပ်၍ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန် ပြေကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ကြက်သွန် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်း MONYWA / AUGUST 25, 2021 စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ်လ(၂၅)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကျောက္ကာ(တောင်)ကျေးရွာရှိ ရွှေဂူနီစေတီတော် မြတ်ကြီးသို့ ရောက်ရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေးနှင့် စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှူငွေကျပ် (၁၀)သိန်းအား ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိရာ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းကာ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) ဒုတိယဥက္ကဌ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းကာ သာသနာတော်ဆိုင်ရာများ လျောက်ထားခဲ့ကြပါသည်။ အဆိုပါ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ ဆန်(၁၀) အိတ်၊ ဆီ (၃၀)ပိဿာ၊ ကြက်သွန် (၂၅)ပိဿာ၊ ကုလားပဲ (၅၀)ပိဿာ၊ ဆား (၁၀)ပိဿာနှင့် ဘုရားကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်သို့ ဆန်(၁၅)အိတ်၊ ဆီ (၄၀)ပိဿာ၊ ကြက်သွန် (၃၅)ပိဿာ၊ ကုလားပဲ (၇၀)ပိဿာ၊ ဆား(၁၀)ပိဿာ ကာလတန်ဘိုးငွေကျပ် စုစုပေါင်း(၁၈)သိန်းကျော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။