စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါ လျှက် အောက်တိုဘာလ (၂၃)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မုံရွာ)ရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးက ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂-ခုနှစ်၊ မတ်လအထိ(၆)လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရေလမ်းကောင်းမွန်ရေး လုပ်ငန်း များ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်မှတ်စံချိန်စံညွှန်း များဖြင့် ပြည့်မီကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အချိန်မီပြီးစီးရေး၊ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာထားဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မုံရွာ)ရုံး အနီး၌ ဆောင်ရွက်လျက်ရှိသည့် ချင်းတွင်းမြစ် ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ရေထိန်းတာဘောင် တည်ဆောက်နေမှုနှင့် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေး ပြည့်မီရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကျောက်စစ်ပုံ ကျေးရွာအနီးရှိ အလျား - ၅၀ ပေ၊ အနံ (၃၀)ပေ ဥစားကြက်မွေးမြူရေးဇုန် ရှင်းလင်းဆောင်ပြုပြင် နေမှုအား ကြည့်ရှု့စစ်ဆေးပြီး ဥစားကြက် မွေးမြူရေးဇုန် အဝင်လမ်း အရှည် - ၁၀၀၀ (တစ်ထောင်) ပေအား အကျယ် - ၁၆ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှု စစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ ဥစားကြက်များ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဥစားကြက်မွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၇၅ ဦးမှ ဥစားကြက်ခြံ - ၉၀ ခြံတွင် ဥစားကြက်အကောင်ရေ - ၇၅၀၀၀ (ခုနှစ်သောင်းငါးထောင်) ကောင်မွေးမြူထားရှိပြီး နေ့စဉ်ကြက်ဥ အလုံးရေပျဉ်းမျှ - ၄၅၀၀၀ (လေးသောင်းငါးထောင်)လုံး ထွက်ရှိကြောင်းသိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ မြို့နယ်၊ ရှားပြေးကျေးရွာအနီးရှိ ငုံးမွေးမြူရေးဇုန်သို့ရောက်ရှိရာ ငုံးဇုန်အဝင်လမ်း အရှည်-၂၁၆၀ (နှစ်ထောင်တစ်ရာ့ ခြောက်ဆယ်)ပေအား အကျယ် - ၁၆ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ငုံးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ ငုံးမွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၆၇ ဦးမှ ငုံးခြံ - ၇၂ ခြံတွင် ငုံးအကောင်ရေ - ၇၀၀၀၀၀ (ခုနှစ်သိန်း) ကောင်မွေးမြူထားရှိပြီး နေ့စဉ်ငုံးဥအလုံးရေပျဉ်းမျှ-၃၂၀၀၀၀ (သုံးသိန်းနှစ်သောင်း)လုံး ထွက်ရှိကြောင်း သတင်းရရှိသည်။