စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်နှင့်မြို့နယ် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
မုံရွာ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် အောက်တိုဘာလ (၁)ရက်၊ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ခန္တီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ကိုဗစ်-၁၉ ကယ်ကွယ်ရေး ဆောင်ရွက်ထားရှိမှု ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်စွက် တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၀ လုံး၊ Concentrator ၁၀ လုံးနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးသုံးပစ္စည်းများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပြည်သူ့ဆေးရုံဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံအတွင်း တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးပြီး ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။