ကျန်းမာရေးကဏ္ဍ

မြန်မာနိုင်ငံမျက်မမြင်အသင်း(မ.မ.သ)၏စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲ မုံရွာမြို့တွင်ဖွင့်လှစ်

e4

မုံရွာ   ဇွန် ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် (၂)လမ်းတွင် မြန်မာနိုင်ငံမြက်မမြင်အသင်း (မ.မ.သ)၏ စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲဖွင့်ပွဲကို ဇွန်လ(၆)ရက်နေ့ နံနက်(၉)နာရီက ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံမျက်မမြင်အသင်းဥက္ကဌ ဦးအောင်ကိုမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

            မြန်မာနိုင်ငံ မျက်မမြင်အသင်း(မ.မ.သ)၏ စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲ ဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး      ''မြန်မာနိုင်ငံလူဦးရေ၏(၄.၆)ရာခိုင်နှုန်းသည် မသန်မစွမ်းသူများဖြစ်ပါတယ်၊ အဆိုပါမသန်စွမ်းသူများထဲတွင် မျက်မမြင်များသည် အများဆုံးပါဝင်ပါလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင်းတွင် မျက်မမြင်ဦးရေ (၇၀၀၀၀) ခန့်ရှိပါတယ်၊ အဆိုပါမျက်မမြင်များ လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက်ထဲမှ ကျောင်းနေအရွယ်များ ကျောင်းနေခွင့်ရရှိရေး၊ အရွယ်ရောက်ပြီး မျက်မမြင်များ လုပ်ငန်းခွင့်ဝင်ခွင့်ရရှိရေးအတွက် သက်မွေးပညာများသင်ကြားပေးပြီး၊ လုပ်ငန်းခွင်များဝင်ခွင့်ရရှိစေရန်နဲ့ လူမှုအသိုင်းအဝန်းများထဲသို့ တန်းတူဝင်ခွင့်ရရှိနိုင်ရေးအတွက် အခုလိုစစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲဖွင့်လှစ်တာပါ၊ အခုရုံးHခွဲကနေပြီး တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် မျက်စိအမြင်ဆုံးရှုံးနေတဲ့ သူတွေကို အတတ်နိုင်ဆုံးအကူအညီတွေပေးသွားမှာပါ၊ အဲဒီအတွက် အခုမုံရွာမြို့နယ်မှာတော့ စစ်တမ်းကောက်ပြီးသွားပါပြီ၊ အခုဆက်ပြီးတော့ ယင်းမာပင်မြိုနယ်မှာစစ်တမ်းကောက်နေပါပြီ ဆက်လက်ပြီးလည်း မင်းကင်းမြို့နယ်ကနေပြီး ချင်းတွင်းအထက်ပိုင်းဒေသတွေကို ဆက်သွယ်ဆောင်ရွက်နေပါပြီ''ဟု မြန်မာနိုင်ငံမျက်မမြင်အသင်းဥက္ကဌကပြောသည်။

            အဆိုပါ မြန်မာနိုင်ငံမျက်မမြင်အသင်း(မ.မ.သ)ရုံးခွဲအား ရန်ကုန်မြို့တွင်ရုံးချုပ်အဖြစ်ဖွင့်လှစ်ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ရုံးခွဲများအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်လည်း ပြည်နယ်ရုံးခွဲဆက်လက်ဖွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Subcategories

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇