စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သီတဂူဗုဒ္ဓတက္ကသိုလ် (ကန့်ဘလူ-ကျွန်းလှ) ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

၁၈.၁၀.၂၀၁၉ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ကန့်ဘလူ-ကျွန်းလှ)တွင် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ ဉာဏိဿရ၊ ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအား နမောတဿ ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးအား ပူဇော်ကန်တော့ကာ ကျွန်းလှသီတဂူ ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင် အကြောင်းအရာများ လျှောက်ထား တင်ပြခဲ့ကြပါသည်။

ထို့နောက် သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၏ ပါမောက္ခချုပ်ဆရာတော် အရှင်ဓမ္မပီယမှ ဘွဲ့နှင်းသဘင် အမှာစကား မိန့်ကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ဝမ်းမြောက်စကား လျှောက်ထားခဲ့ပါသည်။

ဆက်လက်၍ သီတဂူအဓိဌာန်ရွတ်ဆိုကာ ဒီပလိုမာဘွဲ့များ ပေးအပ်ပြီးနောက် သီတဂူဆရာတော် ဒေါက်တာ ဉာဏိဿရမှ ဘွဲ့နှင်းသဘင် သြဝါဒကထာ မိန့်ကြားတော်မူပြီး ဗုဒ္ဓသာသနာ စိရံတိဌတု ၃ကြိမ် ရွတ်ဆို၍ ဘွဲ့နှင်းသဘင် အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

18-10-2019 sgg 00118-10-2019 sgg 00218-10-2019 sgg 00318-10-2019 sgg 00418-10-2019 sgg 005

သောတာပန် ဆီ၊ဆား၊ဆေး အလှူတော် အောင်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား နဝမအကြိမ် သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော်အောင်ပွဲ အခမ်းအနားကို (၁၀-၁၀-၂၀၁၉) ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒါယကာ/ဒါယိကာမများ တက်ရောက်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်များအား ဆီ၊ ဆား၊ ဆေးများ ပါဝင်လှူဒါန်းခဲ့ပြီး ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒဆရာတော် ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ဆက်လက်၍    နံနက်(၁၀၀၀)နာရီ အချိန်တွင်    အောင်ပွဲမင်္ဂလာ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ရာ မုံရွာမြို့ ဓမ္မပါရဂူကျောင်းတိုက် ဆရာတော်မှ ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်များ နာယူကြည်ညိုကာ အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ အခမ်းအနားတွင် သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

10-10-2019 sgg 00110-10-2019 sgg 00210-10-2019 sgg 00310-10-2019 sgg 00410-10-2019 sgg 00510-10-2019 sgg 00610-10-2019 sgg 00710-10-2019 sgg 00810-10-2019 sgg 00910-10-2019 sgg 01010-10-2019 sgg 01110-10-2019 sgg 01210-10-2019 sgg 01310-10-2019 sgg 01410-10-2019 sgg 01510-10-2019 sgg 016

၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ကတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

၉.၁၀.၂၀၁၉ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် မုံရွာမြို့၊ အထက (၃)၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ကတ်ပေးအပ်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူ၊ တိုင်းပညာရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ၂၀၁၉ခုနှစ် ကိုယ်ပိုင်ကျောင်းအသစ်များ မှတ်ပုံတင်ကတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူက ပေးအပ်ခဲ့ရာ YBA ပညာ့ရိပ်သာ ကိုယ်ပိုင်ထက်ဆင့်သင်ကျောင်း ကျောင်းအုပ်ကြီးက အများကိုယ်စား လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၉ခုနှစ် သက်တမ်းတိုးကျောင်းများအား မှတ်ပုံတင်ကတ်များအား တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားချုပ်မှ ပေးအပ်ခဲ့ပြီး " ဇော် " ကိုယ်ပိုင်ထက်ဆင့်သင်ကျောင်း ကျောင်းအုပ်ကြီးက အများကိုယ်စား လက်ခံရယူခဲ့ပြီး အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

9-10-2019 sgg 0019-10-2019 sgg 0029-10-2019 sgg 0039-10-2019 sgg 0049-10-2019 sgg 0059-10-2019 sgg 006

ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့မှ သစ်တောဦးစီးဌာနသို့ Cellular Trailcam ထိန်းချုပ်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

၇.၁၀.၂၀၁၉ ရက်နေ့နံနက် ၁၀၃၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၌ ကျင်းပပြုလုပ်သော ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့မှ သစ်တောဦးစီးဌာနသို့ Cellular Trailcam ထိန်းချုပ်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူ၊ တိုင်းသစ်တော ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့အခြေစိုက် ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့ Global Conservationမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင့်လွင်သောင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားကာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့အခြေစိုက် ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့ Global Conservationမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင့်လွင်သောင်းက Cellular Trailcam ထိန်းချုပ်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့ Global Conservationမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင့်လွင်သောင်းမှ Cellular Trailcam ထိန်းချုပ်ရေးစခန်းနှင့် ပစ္စည်းကိရိယာများ (ကွန်ပျူတာ Desktopနှင့် Laptop၊ လေဝင်လေထွက်စနစ်၊ ပရိဘောဂနှင့်မြေပုံ)တို့နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်း ပေးအပ်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

7-10-2019 sgg 0017-10-2019 sgg 0027-10-2019 sgg 0037-10-2019 sgg 0047-10-2019 sgg 0057-10-2019 sgg 0067-10-2019 sgg 0077-10-2019 sgg 0087-10-2019 sgg 009

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ (၆-၁၀-၂၀၁၉) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ လျှပ်စစ်မီးရရှိရေးအတွက် မီးစက်ဖြင့် ဓာတ်အားပေးရန် တည်ဆောက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပေးခဲ့ပါသည်။ ဆက်လက်၍ နမ့်ပငေရအားလျှပ်စစ်စီမံကိန်း ချည်းကပ်လမ်း ဆောင်ရွက်လျက်ရှိသည့် နေရာသို့ သွားရောက်ကြည့်ရှုပြီး ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား အချိန်မှီပြီးစီး နိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ဟုမ္မလင်းမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ တည်ဆောက်နေမှုအား ကြည့်ရှုခဲ့ပြီး အချိန်မှီ ဖွင့်လှစ်နိုင်ရေး လိုအပ်ချက်များအား ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ပေးခဲ့ကြောင်း၊ ဟုမ္မလင်းမြို့ရှိ ဗုဒ္ဓဝင်ရေကန်ပြုပြင်နေမှုများ၊ ခုတင် (၁၀၀)ဆံ့၊ ဆေးရုံရှိ ဆေးရုံသုံး ပစ္စည်းလိုအပ်ချက် များအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဟုမ္မလင်း - ဖောင်းပြင်လမ်းပိုင်းရှိ တံတားများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

6-10-2019 sgg 0216-10-2019 sgg 0226-10-2019 sgg 0236-10-2019 sgg 0246-10-2019 sgg 0256-10-2019 sgg 0266-10-2019 sgg 0276-10-2019 sgg 0286-10-2019 sgg 029

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်သည် တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ ကောလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် (၅-၁၀-၂၀၁၉) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်ရှိ သမိဒ္ဓေါဒယ အောင်သီရိ သီလရှင်ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ပဓာန နယကဆရာကြီးထံသို့ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (ထောက်ပံ့) ရန်ပုံငွေကျပ် (၇)သိန်းအား ကျောင်းတိုက် အဝင်လမ်း ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ် (၁၀၀)အိတ် ဝယ်ယူရန် ထောက်ပံ့ပေးခဲ့ပါသည်။ ဆက်လက်၍ ကောလင်းခရိုင် မီးသတ်ရုံး ဆောက်လုပ်ရန် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၄င်းနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကောလင်းမြို့နယ်၊ ခမောက်တောင် ဘုရားသွားလမ်းတွင် (၁၅×၁၂)ပေ ကွန်ကရစ်တံတား (၂)စင်း ဆောက်လုပ်ပြီးစီးမှုအား စစ်ဆေးခဲ့ပါသည်။

(၆-၁၀-၂၀၁၉) ရက်နေ့တွင် ဝန်ကြီးသည် ကောလင်းမြို့နယ်၊ သစ်ထုတ်ရေးရိပ်သာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အစည်းအဝေးပြုလုပ်၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဝန်ကြီးနှင့်အဖွဲ့သည် ဝန်းသိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝန်သို့မြို့နယ်၊ နမ့်ခမ်းကျေးရွာ ဓမ္မာရုံ၌ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ(ထောက်ပံ့) ရန်ပုံငွေ(၃၉.၆)သိန်းဖြင့် ချောင်းကြီးကျေးရွာနှင့် စကြာမောင်ကျေးရွာတို့သို့ သောက်သုံးရေ ရရှိရေးအတွက် ဂါလံ(၂၀၀၀)ဆန့် ရေကန်(၁)ကန်စီ တည်ဆောက်ရန် ရန်ပုံငွေပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဝန်းသို- နမ့်ခမ်း- တောင်ကုန်း- ဗန်းမောက်လမ်း (၁၈)မိုင် အနက်မှ (၃/၀)မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းကို စစ်ဆေးခဲ့ပြီး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် (Box Culvert) တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

6-10-2019 sgg 0036-10-2019 sgg 0046-10-2019 sgg 0056-10-2019 sgg 0066-10-2019 sgg 0076-10-2019 sgg 0086-10-2019 sgg 0096-10-2019 sgg 0106-10-2019 sgg 0116-10-2019 sgg 0126-10-2019 sgg 0136-10-2019 sgg 0146-10-2019 sgg 0156-10-2019 sgg 0176-10-2019 sgg 0186-10-2019 sgg 0196-10-2019 sgg 020

လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ (၅-၁၀-၂၀၁၉) ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းကျေးရွာအုပ်စု၊ နန့်တောကျေးရွာ စာသင်ကျောင်းတွင် ဒေသခံပြည်သူ (၁၅၀)ဦးခန့်နှင့် တွေ့ဆုံ၍ နန့်တော-နောင်ပိုအောင်လမ်းအား CSR ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရေး၊ စာသင်ကျောင်းဆောင်များ တည်ဆောက်နေမှုအား ပံ့ပိုးပေးနိုင်ရေး၊ ကျောင်းဆရာ/ဆရာမ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ တရားဝင် ရွှေလုပ်ကွက်များအား ညွှန်ကြားချက်/ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေး၊ ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ မြေလွတ်မြေရိုင်း လျှောက်ထားမှုများအား စိစစ်ပေးနိုင်ရေး၊ တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက် လျှောက်ထားမှုများအား စိစစ်ပေးနိုင်ရေး၊ တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက် လျှောက်ထားမှုများအား စိစစ်ရာတွင် ဖြေလျှော့ပေးနိုင်ရေး တင်ပြမှုများအား ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး CSR ရန်ပုံငွေဖြင့် နန့်တော-နောင်ပိုအောင် လမ်းအား ကွန်ကရစ်လမ်း ခင်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ (၁၄၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် ဝန်ကြီးများမှ နောင်ပိုအောင်ကျေးရွာ ဓမ္မာရုံ၌ ဒေသခံပြည်သူ (၂၅၀)ဦးခန့်နှင့်တွေ့ဆုံ၍ မီးဘေးအန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် နယ်မြေမီးသတ်စခန်း ရရှိရေး လျှပ်စစ်မီးတိုင်များ လဲလှယ်ပေးရေး၊ ကျေးရွာချင်းဆက် လမ်းတံတားများ တည်ဆောက်ပေးနိုင်ရေး၊ ကုန်တင်ကားကွင်းရရှိရေး၊ ပညာရေးစာသင်ကျောင်းများတွင် ကျောင်းအဆင့် တိုးမြှင့်သွားသည့်အတွက် ဆရာ/ဆရာမ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါသည်။

5-10-2019 sgg 0235-10-2019 sgg 0245-10-2019 sgg 0255-10-2019 sgg 0265-10-2019 sgg 0275-10-2019 sgg 0285-10-2019 sgg 0295-10-2019 sgg 0305-10-2019 sgg 0315-10-2019 sgg 0325-10-2019 sgg 0335-10-2019 sgg 034

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon