စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ကျန်းမာရေး ဆေးပေးခန်း မြေနေရာနှင့် အဆောက်အအုံ၊ ကျောင်းဆောင်သစ် မြေနေရာနှင့် အဆောက်အအုံ ပေးအပ်ပွဲ အခမ်းအနားများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းစံပြ ကျေးရွာရှိ ဂရိတ်ဝေါလ် ဝေလ်မာကုမ္ပဏီနှင့် မောင်းကုန်း ကျေးရွာသူ/သားများ ပူးပေါင်းဆောက်လုပ် လှူဒါန်းသော အထက(မောင်းကုန်း) ကျောင်းဝင်းအတွင်း (၁၄၀x၃၀)ပေရှိ (၂)ထပ် စာသင်ဆောင်နှင့် မြေနေရာ၊ ဂရိတ်ဝေါလ်ကုမ္ပဏီမှ လှူဒါန်းသော ကျန်းမာရေး ဆေးပေးခန်း မြေနေရာနှင့် ကျန်းမာရေး ဆေးပေးခန်း အဆောက်အအုံ (၆၀x၄၀)ပေ တစ်ထပ်ဆောင်တို့အား လွှဲပြောင်းအပ်နှံခြင်း မင်္ဂလာအခမ်းအနားကို (၁၅.၂.၂၀၂၀)ရက်နေ့ ညနေ (၁၆၀၀)နာရီ အချိန်တွင် သက်ဆိုင်ရာနေရာ အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဉပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်အဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကဗ္ဗည်းမော်ကွန်းများအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောပြီးနောက် အလှူရှင်မှ အဆောက်အအုံနှင့် ပတ်သက်သော ပစ္စည်းများကို လှူဒါန်းခြင်း၊ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းပြောကြားခြင်း၊ ရပ်မိ/ဖ(၁)ဉီးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

15-2-2020 sgg 00115-2-2020 sgg 00215-2-2020 sgg 00315-2-2020 sgg 00415-2-2020 sgg 00515-2-2020 sgg 00615-2-2020 sgg 00715-2-2020 sgg 00815-2-2020 sgg 00915-2-2020 sgg 01015-2-2020 sgg 01115-2-2020 sgg 01215-2-2020 sgg 01315-2-2020 sgg 01415-2-2020 sgg 01615-2-2020 sgg 017

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော ပျော်ပွဲရွှင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၃.၂.၂၀၂၀)ရက်နေ့ ည(၁၉၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာ၌ ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ လွှတ်တော် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် လှေလှော်ပြိုင်ပွဲ၊ ထမနဲထိုးပြိုင်ပွဲ၊ အခြေခံပညာ ကျောင်းသား/သူ လေးများ၏ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နှုတ်ချက်ပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

14-2-2020 sgg 01714-2-2020 sgg 01814-2-2020 sgg 01914-2-2020 sgg 02014-2-2020 sgg 02114-2-2020 sgg 02214-2-2020 sgg 02314-2-2020 sgg 02414-2-2020 sgg 02514-2-2020 sgg 026

နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၁၈၅၃ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၁၁၂၆၆စု ပေးအပ်ပွဲအခမ်းအနား ကျင်းပ

၁၄-၂-၂၀၂၀ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မုံရွာခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် သစ္စာစီမံချက်အရ မြို့နယ်များအတွင်းရှိ စာသင်ကျောင်း ၉၁ ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများနေ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၁၈၅၃ ကတ်နှင့် ကျေးရွာအုပ်စုများ၏ အိမ်ထောင်စု လူဦးရေစာရင်း ၁၁၂၆၆စု ပေးအပ်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ ဒေါ်အမာကြည်၊ တိုင်းဒေသကြီး လဝကဦးစီးမှူး ဦးယဉ်ထွေး၊ မုံရွာခရိုင် လဝကဉီးစီးမှူး ဉီးထွန်းထွန်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်လဝက ဦးစီးမှူးများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား အစီအစဉ်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လဝကဦးစီးမှူး ဉီးယဉ်ထွေးက နိုင်ငံသားတစ်ဉီး လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြပြီး အခြေခံပညာဉီးစီးဌာန၊ မုံရွာခရိုင်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

14-2-2020 sgg 00114-2-2020 sgg 00214-2-2020 sgg 00314-2-2020 sgg 00414-2-2020 sgg 00514-2-2020 sgg 00614-2-2020 sgg 00714-2-2020 sgg 00814-2-2020 sgg 00914-2-2020 sgg 01014-2-2020 sgg 01114-2-2020 sgg 01214-2-2020 sgg 01314-2-2020 sgg 01414-2-2020 sgg 01514-2-2020 sgg 016

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲတော် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

(၁၃-၂-၂၀၂၀)ရက်နေ့၊ မုံရွာမြို့ ကန်သာယာတွင် ကျင်းပပြုလုပ်သော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက် (၀၈၃၀)နာရီအချိန် မုခ်ဉီးရှေ့၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ လွှတ်တော် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့မှ မုခ်ဉီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် အခြေခံပညာ ကျောင်းသား/သူများ၏ ဉာဏ်စမ်းပဟေဠိနှင့် အခြားပျော်ပွဲ/ရွှင်ပွဲများ ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

13-2-2020 sgg 01313-2-2020 sgg 01413-2-2020 sgg 01513-2-2020 sgg 01613-2-2020 sgg 01713-2-2020 sgg 01813-2-2020 sgg 019

 

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမ၌ (၁၃.၂.၂၀၂၀) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ လွှတ်တော်ဥက္ကဋ္ဌ ဉီးသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူလတန်းကြို ကျောင်းများမှ ဆရာမများနှင့် ကလေးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၃၆၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံ ကလေးများနေ့အကြို ပုံပြင်ပြော၊ ကဗျာရွတ်နှင့် သီချင်းဆိုပြိုင်ပွဲများတွင် ပထမဆုရရှိသည့် ကလေးငယ်များမှ ဖျော်ဖြေတင်ဆက်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ သီချင်းဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသော ကလေးများအား တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို အသီးသီး ဆောင်ရွက်ပြီး အခမ်းအနားကို (၁၀:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

13-2-2020 sgg 00113-2-2020 sgg 00213-2-2020 sgg 00313-2-2020 sgg 00413-2-2020 sgg 00513-2-2020 sgg 00613-2-2020 sgg 00713-2-2020 sgg 00813-2-2020 sgg 00913-2-2020 sgg 01013-2-2020 sgg 01113-2-2020 sgg 012

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

(၁၂-၂-၂၀၂၀)ရက်နေ့ မုံရွာမြို့၊ ကန်သာယာတွင် ကျင်းပပြုလုပ်သော ၂ဝ၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက်(၀၅၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အလံတင်အဖွဲ့မှ (၀၅၃၀)နာရီအချိန်တွင် နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပါသည်။

ဆက်လက်၍ နံနက်(၀၇၀၀)နာရီအချိန်တွင် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ လွှတ်တော် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေ ပြည်သူများစုပေါင်း၍ အလောင်းဘုရားစစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အနော်ရထာစစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး (၄)ကြောင်း လူဉီးရေ(၃၂၀၀)ခန့်ဖြင့် ချီတက်နေရာယူခဲ့ကြကာ ပထမဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်ထံမှ ၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ဒုတိယပိုင်းအနေဖြင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မာရသွန်ပြိုင်ပွဲ (ကျား/မ)၊ အဆင့်မြင့်ပညာအဆင့်/ အခြေခံပညာအဆင့်များရှိ စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

12-2-2020 sgg 00112-2-2020 sgg 00212-2-2020 sgg 00312-2-2020 sgg 00412-2-2020 sgg 00512-2-2020 sgg 00612-2-2020 sgg 00712-2-2020 sgg 00812-2-2020 sgg 00912-2-2020 sgg 01012-2-2020 sgg 01112-2-2020 sgg 01212-2-2020 sgg 01312-2-2020 sgg 01412-2-2020 sgg 01512-2-2020 sgg 01612-2-2020 sgg 01712-2-2020 sgg 01812-2-2020 sgg 01912-2-2020 sgg 02012-2-2020 sgg 02112-2-2020 sgg 02212-2-2020 sgg 02312-2-2020 sgg 024

တိုင်းဒေသကြီးအဆင့် လက်ရွေးစင် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်း ဆပ်ကော်မတီနှင့် ရတနာပိုက်ကျော်ခြင်း ကလပ်တို့မှ ကြီးမှူး၍ မြန်မာ့လက်ရွေးစင် ဝန်ကြီးဌာနနှင့် တိုင်းအဆင့် လက်ရွေးစင် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို (၁၁.၂.၂၀၂၀) ရက်နေ့မှ (၂၀.၂.၂၀၂၀) ရက်နေ့အထိ ရုံးကြီးရပ်ကွက်၊ ရတနာအောင်မြေ ကျောင်းတိုက်အတွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ၊ အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၁.၂.၂၀၂၀)ရက်နေ့ ညနေ(၅:၀၀)နာရီတွင် ရုံးကြီးရပ်ကွက်၊ ရတနာအောင်မြေ ကျောင်းတိုက်အတွင်းတွင် ကျင်းပပြုလုပ်ရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသော လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ၊ ပိုက်ကျော်ခြင်း ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြိုင်ပွဲဝင်အသင်း (၇၅)သင်းအား လိုက်လံနှုတ်ဆက်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် ရတနာအသင်းနှင့် မလဲသာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့ အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

11-2-2020 sgg 03011-2-2020 sgg 03111-2-2020 sgg 03211-2-2020 sgg 03311-2-2020 sgg 03411-2-2020 sgg 03511-2-2020 sgg 03611-2-2020 sgg 037

 

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon