စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပ

(၁၁.၂.၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲကို မုံရွာမြို့ ကန်သာယာ၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူ (၁၅၀၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြိုင်ပွဲဝင်အသင်း (၂၀)သင်းအား လိုက်လံနှုတ်ဆက်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် လှေလှော်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

11-2-2020 sgg 00111-2-2020 sgg 00211-2-2020 sgg 00311-2-2020 sgg 00411-2-2020 sgg 00511-2-2020 sgg 00611-2-2020 sgg 00711-2-2020 sgg 00811-2-2020 sgg 00911-2-2020 sgg 01011-2-2020 sgg 01111-2-2020 sgg 01211-2-2020 sgg 013

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon