၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို (၁၄.၁၁.၂၀၁၉)ရက်နေ့မှ (၂၃.၁၁.၂၀၁၉) ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို (၁၄.၁၁.၂၀၁၉)ရက်နေ့ ညနေ(၁၅၃၀) နာရီ အချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ခရိုင်အလိုက် အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး ဖွင့်ပွဲအခမ်းအနားတွင် မော်လိုက်ခရိုင်နှင့် ကသာခရိုင်တို့၏ ယှဉ်ပြိုင်ကစားမှုအား အားပေးကြည့်ရှု့ခဲ့ပါသည်။