စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးသည် စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတွင် ကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော် လှူဒါန်းပွဲသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်တို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စေတနာရှင် အလှူရှင်များနှင့်အတူ သြဂုတ်လ ၅ရက် နံနက် (၀၆၃၀)အချိန်တွင် စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ကျောင်းတွင် ကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော် အခမ်းအနားသို့ တက်ရောက်၍ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များအား ပဲများလောင်းလှူပူဇော်ခဲ့ပြီး ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်ခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်ကိုင်းတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/မ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ရှိ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ပါသည်။

5-8-2019 sgg 0015-8-2019 sgg 0025-8-2019 sgg 0035-8-2019 sgg 0045-8-2019 sgg 0055-8-2019 sgg 0065-8-2019 sgg 0075-8-2019 sgg 0085-8-2019 sgg 0095-8-2019 sgg 0105-8-2019 sgg 0115-8-2019 sgg 0125-8-2019 sgg 0135-8-2019 sgg 0145-8-2019 sgg 015

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon