စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

နှစ် (၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

1

 

2

3

 

(၁၉.၇.၂၀၁၇) ရက်နေ့တွင် ကျရောက်သော နှစ်(၇၀)ပြည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နံနက် (၅)နာရီအချိန်တွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်၌ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ နံနက်(၁၀:၃၀)နာရီအချိန်တွင် မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ရာ အဆိုပါ အခမ်းအနားများသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇