(၇.၄.၂၀၂၀) ရက်နေ့ (၁၁၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ ဦးမြင့်ကြည် ဦးဆောင်သော အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ စည်ပင် သာယာရေး ကော်မတီရုံးနှင့် Community Based Facility Quarantine အဖြစ် ထားရှိဆောင်ရွက်မည့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းသို့ ရောက်ရှိပြီး လိုအပ်သည့် ဆေးဝါးနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ (၁၃၀၀)နာရီတွင် ပုလဲမြို့သို့ ရောက်ရှိပြီး Community Based Facility Quarantine အဖြစ် ဆောင်ရွက်ထားရှိသော အ.ထ.က(ပုလဲ)၌ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီး တနယ်ကျေးရွာနှင့် ပန်းကျေးရွာများသို့ သွားရောက်ကာ လိုအပ်သည့် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ (၁၆၀၀) နာရီတွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံး၌ (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့်အစီအမံများ ဖြည့်စွက် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။