စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် (၁-၄-၂၀၂၀) ရက်နေ့တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းခရိုင် အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ် များသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့နှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် အဖွဲ့နှင့်အတူ Community Based Facility Quarantine အဖြစ်ထားရှိရန် စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်း ပြင်ဆင်ထားရှိမှု အခြေအနေ များနှင့် (၁၄)ရက် ထားရှိ၍ စောင့်ကြပ် ကြည့်ရှု့လျက်ရှိသည့် နေရာများအား သွားရောက်ကြည့်ရှု့ စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ဆက်လက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင်များမှ လှူဒါန်းသော Eglove (၁၀၀)ဗူး၊ PPE ဝတ်စုံနှင့် Non touch thermometer များကို တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။