စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် တို့နှင့်အတူ သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့ ပါဝင်သည့် စုပေါင်းအဖွဲ့နှင့်အတူ (၂၇.၃.၂၀၂၀) ရက်နေ့၊ (၂၀၀၀) နာရီအချိန်မှ စတင်၍ ကသာမြို့နှင့် အင်းတော်မြို့တို့၌ မြို့နယ်အတွင်း COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ အပြစ်ပေးခံရမည် ဖြစ်သဖြင့် ကြပ်မတ် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါကြောင်းနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကိုပါ တစ်ပါတည်း စစ်ဆေးခဲ့ပါသည်။

ကသာမြို့သို့ ရောက်ရှိနေသာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် (၂၈.၃.၂၀၂၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် လတ်တလော ဖြစ်ပွားနေသော ကူးစက်ရောဂါနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေး ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်ထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် လိုအပ်သည်များကို အလှူရှင်များဖြင့် ပူးပေါင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အလေးထားပူးပေါင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကိုယ်အပူချိန်တိုင်းကိရိယာ၊ Mask၊ PPE ဝတ်စုံတို့ကို လှူဒါန်းခဲ့ပြီး ကသာခရိုင်အတွင်း COVID-19 ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

28-3-2020 sgg 00928-3-2020 sgg 01028-3-2020 sgg 01128-3-2020 sgg 01228-3-2020 sgg 01328-3-2020 sgg 01528-3-2020 sgg 01628-3-2020 sgg 01728-3-2020 sgg 018

သတင်း အချက်အလက်