မုံရွာ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၇/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူ(၅၀)ဦးတို့တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးရန်ပုံငွေ (၁၈.၁၇၄)သန်းဖြင့် အခြေခံစက် ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ မုန့်မျိုးစုံထုတ်လုပ်နည်းသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင် တန်း၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုသင်တန်း၊ အခြေခံပန်းအလှပြုပြင်နည်းသင်တန်း များကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ဟုမ္မလင်း၊ ခန္တီး၊လဟယ်မြို့များတွင်သင်တန်း အမျိုးအစားပေါင်း (၁၁)မျိုးကိုသင်တန်းသား/သူ(၂၈၂)ဦးဖြင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံ ရိပ်ကိုဖန်တီးပေးရာတွင် လူငယ်များနှင့်ကလေးသူငယ်များ ဖွံ့ဖြိုးမှုအခန်းကဏ္ဍသည် အလွန်အ ရေးကြီးသည့်အတွက် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များဖြစ်ပါကြောင်း၊ ဒေသ တွင်းဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကုန်ထုတ်စွမ်းအားကို အထောက်အကူ ဖြစ်စေသည့် လူငယ်၊ လူရွယ်နှင့်ကလေးများကို အလုပ်သမားများအဖြစ် အသုံးပြုမှုများရှိနေပါကြောင်း၊ ပညာရေး လက်လှမ်းမီခြင်းသည် ကလေးများကို လုပ်ငန်းခွင်သို့ စောစီးစွာ ရောက်ရှိမသွားစေနိုင်ခြင်းနှင့် နည်းပညာနှင့် သက်မွေးပညာများ တတ်မြောက်ခြင်းအားဖြင့် ကလေးများ၏ လုပ်ငန်းကျွမ်း ကျင်မှုအရည်အသွေးများ တိုးတက်လာစေပြီး သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်များ အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိလာမှာ ဖြစ်သောကြောင့် ကျောင်းပြင်ပ ရောက်နေကြသည့် ကလေးများ၏ ပညာရေးလက်လှမ်းမီစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်စေရန် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များ၊ နည်းပညာနှင့် သက်မွေးပညာ အစီအစဉ်များအား ပိုမိုဆောင်ရွက်ပေးမှာဖြစ်သောကြောင့်၊ မိမိတို့တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင် တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ယခုသင် ကြားပေးမည့် အခြေခံစက်ချုပ် သင်တန်းအား တက်ရောက်ကြမည့် သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသော နည်းပညာရပ်များအား စိတ်ပါဝင်စားစွာ နာယူမှတ်သားပြီး သင်တန်း မှလေ့ကျင့်သင်ကြား ပေးလိုက်သောပညာရပ်ဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်များ၊ မိမိတို့ဘဝ လုံခြုံမှုအတွက် အထောက်အပံ့ကောင်း ဖြစ်အောင်ဆောင်ရွက်ကြပါစေလို ကြောင်းပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းထောက်ပံ့ငွေကျပ် (၂,၉၀၀,၀၀၀) အားပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးတက် ရောက်လာသူများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားသည်။

အဆိုပါ သင်တန်းသည် ရက်သတ္တ(၄)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁၉)တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀) သို့ရောက်ရှိရာ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော လူနာများအား လိုက်လံကြည့်ရှုအား ပေးစကားပြောကြားကာ အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ဆေးဝါးများအား ပေးအပ်လှူဒါန်းရာ အမှတ် (၁၉) တပ်မတော်ဆေးရုံ၊ခုတင်(၁၀၀)မှတပ်မှူးနှင့် ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှဆေးရုံအုပ်ကြီး တို့က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်သည် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိရာ ကျောင်းသား/သူများ တန်းစဉ်ကူးပြောင်းမှု နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေမှု များအား ဟုမ္မလင်းခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု အားပေးခဲ့ပြီးလိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် ဟုမ္မလင်းမြို့၊စိုက်ပျိုးရေးသိပ္ပံသို့ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရာ အစားအသောက်များအားထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းရုံးခန်းတွင် ကျောင်းအုပ်ကြီး၊ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ကျောင်း၏ သင်ကြားရေး၊အုပ်ချုပ်ရေးနှင့် စားသောက်နေထိုင်ရေး ဆိုင်ရာများကိုဆွေးနွေး၍ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းသား/သူများ စားသောက်ရေးအတွက် အသုံးပြုရန် ငွေကျပ် (၃,၇၂၀,၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

20240214 01

20240214 01

20240214 01

20240214 01

20240214 01

20240214 01

20240214 01

20240214 01

မုံရွာ ၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၇ နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာ ပြည်ထောင်စုကျွန်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်ဝန်ထမ်းများ၊မုံရွာတက္ကသိုလ်၊စီးပွားရေးတက္ကသိုလ်၊ပညာရေးဒီဂရီကောလိပ်နှင့်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းစသည်တို့မှကျောင်းသား/ကျောင်းသူများ၊အားကစားနှင့်ကာယပညာသိပ္ပံမှသင်တန်းသား၊သင်တန်းသူများ၊လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာ သူများ၊ ဂုဏ်ပြုတပ်ခွဲတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၄-ခုနှစ်၊ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများ ကအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ပြည် ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများအားပြသခဲ့ရာ အခမ်းအနားတက်ရောက်လာသူများမှစိတ်ပါဝင်စားစွာကြည်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံမှ သင်တန်း သား/သင်တန်းသူများ၊ ပြည်သူများ၏ ကျား/မဂုံနီအိတ်စွပ်၊ စကောရွက်၊ အာလူးကောက်၊ ခြေပူး အပြေး၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲများနှင့် ကျား/မ လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျား/မ လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား ဆုတံ ဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား ပိုက်ကျော်ခြင်း ၃ ယောက် တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသောအသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုး သားပိုက်ကျော်ခြင်း ၂ ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အသင်း များအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာ တရေးရာဝန်ကြီးက အမျိုးသားအကြီးတန်းမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိ ယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက အမျိုးသမီးအကြီးတန်းမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က အမျိုး သားအကြီးတန်းမီတာ ၁၀၀ အပြေး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက အမျိုး သမီးအကြီးတန်းမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အမျိုးသား/အမျိုးသမီး အကြီး တန်း မီတာ ၅၀ ခြေပူးအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အကြီးတန်း မီတာ ၅၀ အာလူး ကောက်ပြိုင်ပွဲ၊ အမျိုးသမီး အကြီးတန်း မီတာ ၅၀ ဇကောရွက်ပြိုင်ပွဲ၊ အမျိုးသား/ အငယ်တန်း အမျိုးသမီး မီတာ ၅၀ အလွတ်တန်း အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အငယ်တန်း မီတာ ၅၀ ခြေပူးအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အငယ်တန်း မီတာ ၅၀ အာလူးကောက်ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုချီး မြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါနံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာ ပြည်ထောင်စုကျွန်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားကို ကျင်းပရာ နံနက်(၅)နာရီ မိနစ်(၃၀)အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ကြောင်းနှင့်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

20240213 18

မုံရွာ ၊ ဖေဖော်ဝါရီ ၁၀

မုံရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက်အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေ ရေးတို့အတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းနီလမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်း သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၉၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီး ရပ်ကွက်၊ စေတီယျကျောင်းတိုက်သို့ ရောက်ရှိကြရာ ဘဒ္ဒန္တပါကဋ ဆရာတော်ထံလှူဖွယ်ပစ္စည်းများနှင့် ကျောင်းတိုက်ကြီး၏ အမိုးနှင့်မျက်နှာကျက် ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ ကျပ် - ၁၉၈ သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကြောင်း သိရသည်။

20240213 14

20240213 14

20240213 14

မုံရွာ ၊ ဖေဖော်ဝါရီ ၉

(၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာ ရေးဒီဂရီကောလိပ်တွင် ထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက် နေ့၊နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းရှိ အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းများမှ ပါမောက္ခချုပ်/ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့်သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ် မြန်မာစာဌာန ပါမောက္ခ ဒေါ်ယဉ်ယဉ်ကြည်က ထမနဲပွဲ အကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ကြကာ မုံရွာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးက အမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းဖတ်ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသင်းလိုက်ပြင်ဆင် ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးကာ ထမနဲထိုးပြိုင်ပွဲအား စတင်ဆင်နွှဲကြသည်။

ဆက်လက်ပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲ ကျင်း ပနေစဉ်အတွင်း မုံရွာပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊သင်တန်းသူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသောအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်မှ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးမှ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသော သင်တန်းသား၊သင်တန်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240213 06

20240213 06

20240213 06

20240213 06

20240213 06

20240213 06

20240213 06

မုံရွာ ၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူဦးရေသန်းခေါင်စာရင်းအား နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး စီမံခန့် ခွဲရေးကိစ္စများအတွက် မူဝါဒများ၊စီမံကိန်းများ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှု စီးပွားရေး အခြေအနေများကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအကောင် အထည်ဖော်ရာတွင် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ခရိုင်မြို့ကြီးများ တွင် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအနေ ဖြင့်လည်း သန်းခေါင်စာရင်းလုပ်ငန်း အောင်မြင်စေရေးအတွက် လိုအပ်သည့်မြေပုံရေးဆွဲခြင်း အဆောက်အဦမှတ်တမ်းတင်ခြင်း၊ ကောက်ကွက်ဖွဲ့စည်းခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ စုဖွဲ့၍သက်မှတ်သင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား အကောင်အထည်ဖော်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့်စာရင်း ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာ ဖြင့်ပြုစုဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများရရှိနိုင်သည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်အနေဖြင့် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဆန်းအောင်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေ သည့်လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူနေမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များမှ မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်/မြို့နယ်တွင် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများမှ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူခြင်းလုပ် ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240213 01

20240213 01

20240213 01

20240213 01

မုံရွာ ၊ ဖေဖော်ဝါရီ ၈
 
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီ ရပ်ကွက်၊ ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
 
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သည့် စိုက်ပျိုး၊မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန် လုပ်ငန်းများနှင့် MSME  အခန်းကဏ္ဍအား မြှင့်တင်ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယနေ့ဖွင့် လှစ်ပေးလိုက်သည့်လမ်းသည် မုံရွာမြို့၏ စည်ကားသည့် ပြည်ထောင်စုဈေးအနီးတွင်တည်ရှိ သည့်လမ်းဖြစ်၍ ရောင်းဝယ် ဖောက်ကားမှုအတွက် များစွာအထောက်အကူပြုသကဲ့သို့ မုံရွာမြို့ ၏အထင်ကရဖြစ်သည့် မဟာလယ်တီကျောင်းတိုက်ကြီးနှင့် နီးကပ်စွာ တည်ရှိခြင်းတို့ကြောင့် ရပ်ကွက်နေပြည်သူများသာမက ရဟန်းသံဃာတော်များ၊ သီလရှင်နှင့်ကျောင်းသား၊ကျောင်းသူ များအတွက်ပါ အလွန်အကျိုးရှိသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ကြီးအား ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနှင့် မြို့နေပြည်သူလူထု အနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်းလက်တွဲ ကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက် ဆိုင်ခန်းများ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က ဝေဇယန္တာလမ်းနိုင်လွန်ကတ္တရာလမ်းနှင့် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
 
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေအား လည်း ကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေများအား ပေးအပ်ချီးမြင့်ခဲ့ကြပြီး တာဝနှ်ရှိသူများအတူ အဆိုပါဖွင့်ပွဲမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
 
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝေဇယန္တာလမ်း နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသူများနှင့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
 
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဈေး စားသောက်ဆိုင်ခန်းများ ရောင်းချနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
 
အဆိုပါ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ဝေဇယန္တာလမ်း နိုင်လွန်ကတ္တရာလမ်းသည် အလျား - ၃၃၀၀ ပေ၊ အကျယ် - ၁၈ ပေ၊ ၃ လက်မခွဲထုဖြစ်ပြီး ပြည်ထောင်စုဈေး စား သောက်ဆိုင်ခန်းသည် အလျား - ၆၀ ပေ၊ အနံ - ၄၀ ပေ၊ သံဖရိန် ၁ ထပ် အဆောက်အဦ ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရက်ကန်း နှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး နှင့်တာဝန်ရှိသူ များက စက်ရက်ကန်း၊လက်ရက်ကန်း၊ သင်တန်းသူအိပ်ဆောင်၊ သင်တန်းအဆောင်၊ ရုံးအဆောက်အဦနှင့် သင်တန်းသူများကိုယ်တိုင် ရက်လုပ်ထားသော ရက်ကန်းအထည်များအား လိုက်လံရှင်းလင်းပြသကြသည်။
 
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်