မုံရွာ သြဂုတ် ၁၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု များအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက်အရေးပါသည့် အင်အား တစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေရန် စာသင်ကျောင်းများမှ အစပြု၍ ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာ ပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များအား ချမှတ်ထူထောင်လျက်ရှိပါကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် physical education အချိန်များတွင် ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်ခြင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခြင်းတွင် ကိုယ်ကာယကြံ့ခိုင်မှု၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက် နိုင်မှုများ ရှင်သန် တိုးတက်လာမှာဖြစ်သည့်အတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများအား ကျေးလက်ဒေသပါ မကျန်ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများမှတဆင့် ကျန်းမာရေးအသိပညာပေး သတင်းစကားများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့် များသည် ကျောင်းသားလူငယ်များမှတဆင့်  ပြည်သူလူထုအတွင်းသို့ ရောက်ရှိသည့်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းအား တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း မြင့်မား စေရန် ဦးတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး ပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန် ပြည့်စုံသည့် လူငယ်များ‌မွေးထုတ်နိုင်ရန်အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထု တို့ပူးပေါင်းပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်း ပတ်လှုပ်ရှားမှု များအထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး မုံရွာပညာရေးလေ့ကျင့်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ကျောင်းကျန်းမာရေးသီချင်းဖြင့် သရုပ်ပြသီဆိုဖျော်ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ချီးမြှင့် ခဲ့သည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများ အား သန်ချဆေးများတိုက်ကျွေးကြပြီး အဟာရဖြည့်စွက်အစာများနှင့် သွားတိုက်ဆေးများ အသီးသီးပေးဝေခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။   

10.jpg9.jpg

11.jpg

 

12.jpg

 

မုံရွာ သြဂုတ် ၁၂

ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရေထုညစ်ညမ်းခြင်း၊ ရေနေသတ္တဝါနှင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှု တို့အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ သြဂုတ်လ ၁၂ ရက်နေ့၊ နံနက်ပိုင်း တွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များစုပေါင်း၍  စုပေါင်းသန့်ရှင်းရေး လုပ်ငန်း များအား ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၃၀၀၀ ဦးကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ် သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အဂါၤရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ကွက်နေပြည်သူများ အဆင့်အတန်းမီစွာ နေထိုင်ရေးနှင့် နွေ၊မိုး၊ဆောင်းရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် တစ်နာရီ လျှင်နိုင်လွန်ကတ္တရာ ၃၅ တန် ထုတ်လုပ်နိုင် သည့် ကွေ့ကြီးရပ်ကွက်ရှိ နိုင်လွန်ကတ္တရာ စက်ရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာစက်ရုံ ထုတ်လုပ်မှု လုပ်ငန်း အခြေအနေများအား လိုက်လံရှင်းလင်း ပြသကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ပိတောက်လမ်းအရှည် -၂၄၆၀ ပေ၊ အကျယ် - ၁၈ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာလမ်းခင်းကျင်းပြီးစီးမှုအား ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ကုက္ကိုလမ်းအရှည် - ၂၃၀၀ ပေ၊ အရှည် - ၁၈ ပေ၊ ၃လက်မထု နိုင်လွန်ကတ္တရာခင်းကျင်းနေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၊ ညွှန်ကြားရေးမှူးက ဘဏ္ဍာနှစ်အလိုက် မုံရွာမြို့ရှိ ရပ်ကွက်များအတွင်း လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် နိုင်လွန်ကတ္တရာ လမ်းများဆောင်ရွက်နေ မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နေ မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

6.jpg

 

 

8.jpg7.jpg

 

မုံရွာ သြဂုတ် ၇

ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက် စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင်တန်း များတက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ကိုင်နိုင်သည့် ကလေးများအား လုပ်ငန်း ခွင်မှဖော်ထုတ်ဖယ်ရှားရုံသက်သက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအရ အကာအကွယ် ပေးရေး၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေးအား ကူညီဆောင်ရွက်ပေးရေး၊ မိသားစု အလိုက်ဝင်ငွေ တိုးတက်ရရှိရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေး ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့ အားအရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြမှသာ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ် ပါကြောင်း၊ လူငယ်များနှင့်ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်ပုံရိပ်အား ဖန်တီးပေးရာမှာ အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးသူငယ်များသည် နိုင်ငံ၏အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်များဖြစ် ပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး တာဝန်ရှိသူအားလုံးမှပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရှိမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများအား စဉ်ဆက် မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင် ရွက်ထားရှိပါကြောင်း၊

ယခုဖွင့်လှစ်ခဲ့သည့် အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်းသည် အမျိုးသမီးများအတွက် မိသားစုဝင်ငွေရနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်၍ ဒေသအသီးသီးမှ သင်တန်းသူများအနေဖြင့် စာတွေ့၊လက်တွေ့သင်ကြား နိုင်ခဲ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကြပြီး သင်တန်းမှလေ့ကျင့်သင်ကြား ပေးသည့်ပညာရပ်ဖြင့် ဝင်ငွေရရှိမည့်အလုပ်အကိုင်များ ရရှိနိုင်ကြစေရန်နှင့် မိမိတို့ဘဝလုံခြုံမှု အတွက် အထောက်အပံ့ကောင်းများဖြစ်ကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် ၃/၂၀၂၃ တွင် သင်တန်းထူးချွန်ကျောင်းသူ ၂ ဦးအား စက်ချုပ်စက်များပေးအပ် ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က သင်တန်းနည်းပြများထံ ဂုဏ်ပြုချီးမြင့်ငွေများအားလည်းကောင်း ပေးအပ် ချီးမြင့်ခဲ့ကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော အဝတ်အထည်များအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အခြေခံ/ အဆင့်မြင့်စက်ချုပ်သင်တန်း ၃/၂၀၂၃ သင်တန်းသို့ သင်တန်းသူ စုစုပေါင်း  ၂၀ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်းကာလ ၁လ အကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

 

 မုံရွာ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဧပြီလ(၁၅)ရက်နေ့ သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကန်သာယာကျွန်း ပတ်လည်ရှိ  လူမှုရေးရာ ဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာနမဏ္ဍပ် ၂ နှင့် ၁ မှ ယိမ်းအက လှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်  ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့ နံနက်နေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြြပီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိ သူများက ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ အလားတူ ကန်သာယာကျွန်းအနီးရှိ မဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေကြကြောင်း သတင်းရရှိသည်။

မုံရွာ ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်  ၁၃၈၃-ခုနှစ် (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေးရာဝန်ကြီးဌာန ပိတောက်ရွှေဝါမဏ္ဍပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၁ နှင့်၂ မဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအက လှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှ အဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိ သူများက  ဂုဏ်ပြုဆုငွေများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၅)ရက်နေ့ သင်္ကြန်အကြတ်နေ့ နံနက် ပိုင်းတွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရေသဘင်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဇနီး၊ တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက အတာရေများ ပက်ဖျန်း ပေးခဲ့ပြီး ယိမ်းအကလှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက  ဂုဏ်ပြု့ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင်ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်