မုံရွာ သြဂုတ် ၂၁

ကျောက်မီးသွေးတူးဖော် လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့်အဝ ထုတ်လုပ် ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တာဝန်ခံများတက်ရောက်ကြပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြ သည့် လုပ်ငန်းရှင်များအနေဖြင့် သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက် ပြည့်မီ စွာထုတ်လုပ်ရေးနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေးများအားလုံး သယ်ယူနိုင်ရေးအတွက် လိုအပ် သည်များကိုပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း လိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် မှာကြားပါကြောင်းနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေး များအား လေလွင့်ဆုံးရုံးမှုမဖြစ်စေဘဲ၊ ဈေးကွက်သို့အမြန် တင်ပို့နိုင်ရေးအတွက် ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်ချိန်အတွင်း သယ်ယူပို့ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက် ကြီးမြန်သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား ယခုအစည်းအဝေးတွင် ပွင်းပွင်း လင်းလင်း ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးသိန်းက  မိမိတို့ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောင်းမီးသွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများက မိမိတို့လုပ်ငန်းများ၏ ကျောက်မီးသွေး ထုတ်လုပ်နေမှု၊ သယ်ယူရေးဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင် ထုတ်လုပ် သယ်ယူမည့်အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန် လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့်အဝထုတ်လုပ်ရေး/သယ်ယူရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဖြည့်စွက်တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-7a9a447e583b9f73e3623fd8e371f6585842faf646a837b2a6d6f727a6a18f10_311b647765f64f76.jpg

0-02-06-95771e172be6c7ed0ff5e3a52c9e2f432ee293506fb34a6ab27e7253fcf5f1ba_8af766b94a55f162.jpg

 

 

မုံရွာ သြဂုတ် ၁၉

ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍  သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၆၀၀ ဦး ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက် ကန်သာယာ ကန်ပတ်လမ်းအရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောက်စီ မြေထိန်းနံရံ လုပ်ငန်းများဆောင်ရွက်နေမှု၊ စတီးလက်ရန်းများ တပ်ဆင်သွားမည့်လုပ်ငန်းများ နှင့် ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင် ရွက်နေမှုလုပ်ငန်းအခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများအားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင် အားသန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိကျွန်းများပေါ်တွင် ကစားကွင်းနှင့်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်းတည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင် အား အမြဲစိမ်းလန်းစိုပြည်ရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အနောက်ဘက် ကန်သာယာကန်ပတ်လမ်းအား ကျောက်ရိုးစီခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

0-02-06-33438d3e62a66daa1863753cc034485ec0b844e57befd413d130b4d4047335ff_b8cd90df2428860c.jpg

0-02-06-48b4a862db95b55708f85f3d6446f412367d4de575bb30d5ca9a877c213efbf6_3e25860b314a7ce7.jpg

0-02-06-9c2692dc09cf48a791d31144be4b1e98f89741532b1710c08b28e4fb1f5083b5_eb52a2a7db84a246.jpg

0-02-06-2871e35a7b588b9b79f0846dc0103a4c4cde8569a9e22a58a1b6886347bf752b_7d92d99eb7268d4c.jpg

မုံရွာ သြဂုတ် ၁၈

 ရေအသုံးချသူများအဖွဲ့ Water User Group တောင်သူများအား ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်း ၁/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆည်ရေအရင်းအမြစ်များ အားထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချပြီး စိုက်ပျိုးမွေးမြူရေးကဏဍ တိုးတက်ပြောင်း လဲလာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်ရေသောက် ဧရိယာ ၅၆၂၄၄၇ ဧကအား ပျိုးထောင်ရေ၊ စိုက်ပျိုးရေ၊ အောင်ရေအားစဉ်ဆက်မပြတ်ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် အရည်အသွေးပြည့်မီသည့်သီးနှံအား သီးထပ်၊သီးညှပ် စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါ ကြောင်း၊ ရေကိုအလေအလွင့်မရှိ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်နည်းပညာ နှင့် ပညာပေးအစီအစဉ်များအား တောင်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းက တိုင်းဒေသကြီးအတွင်းရှိ ဆည်/ရေလှောင်တမံများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းသား၊သင်တန်းသူများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး Water User Group အဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။   ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများနှင့်အတူ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာခရိုင်အတွင်းရှိ ချောင်းဦး မြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်များမှ စိုက်ပျိုးရေးဦးစီးမှူးများထံ လက်ဆွဲ မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြေအောက်ရေ စိုက်ပျိုးရေပေးဝေရေး လုပ်ငန်း လျှပ်စစ်စက်ပိုင်း ၃ ၊ 33/11 KV 1.5 MVA ဓါတ်အားခွဲရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး မှ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအား မြေအောက်ရေဖြင့် စိုက်ပျိုးရေးပေးဝေနေမှုလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး 33/11 KV 1.5 MVA ဓါတ်အားခွဲရုံနှင့် Home Garden စိုက်ပျိုးထားရှိမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ် ၁၀ ပေါက်တွဲရေတံခါး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်အတွင်းရှိ ရေတံခါး ၂၂ ခုကြံ့ခိုင်မှုအခြေအနေများနှင့် ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေးတာ မြေထိန်းနံရံ ကျောက်ရိုးစီခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အိုးဘိုတောင် ၁၀ ပေါက် တွဲရေတံခါးကြံ့ခိုင်မှု၊ မိုးရာသီကာလနှင့် မြစ်ရေကြီးချိန်ကာလများတွင် ရေသွင်းရေထုတ်ပြု လုပ်နိုင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် အလျား - ၅ ပေ၊ အမြင့် ၆ ပေရှိ ရေတံခါး ၅ ခုပါရှိသည့် ၅ ပေါက်တွဲရေတံခါး တည်ဆောက်ပြီးစီးမှုနှင့် ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေး တာ မြေထိန်းနံရံအရှည် - ၄၂၀၀ ပေ ကျောက်ရိုးစီခြင်းလုပ်ငန်းများ တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

0-02-06-e5cbb37ad42496ae21f524289a27f01c38b1370bfdf1b9fdf66bf508753eb1fe_1b4c7d3a6fb46daa.jpg

0-02-06-cd5a79016a586cbb57c46be4910abdab577072a0a61dd56b633a0800738f4fec_cf5730a0e67fd165.jpg

0-02-06-58ef201d48c614178c91055c3ae647ed9e94cddd0c8acb963ec9fe204b238731_9b7fdaacef2a45ac.jpg

0-02-06-4ecb772c36f0edeb1e62ec6cf47cb464ca5dc4733c31005f068093989292ea63_b63769d7c57ed7af.jpg

 

 

 

မုံရွာ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကား သင်ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံ ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲအား တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာနေရာ ဒေသအသီးသီးတွင် သင်ကြားရေးတာဝန်သာမကဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဦးဆောင်နိုင်သူဖြစ်ရန် လိုအပ်သကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်းလိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် များအား မိမိကိုယ်တိုင်ထိန်းသိမ်းရုံသာမကဘဲ ကျောင်းသားလူငယ်များ မိဘပြည်သူများ အားလုံးပါဝင်ဆောင်ရွက်ရေးအတွက် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲတွင် ဆွေးနွေးပို့ချမည့် ဘာသာရပ်များအား စိတ်ဝင်တစားသင်ယူလေ့လာကြရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား မိမိတို့တာဝန်ကျရာ ဒေသအသီးသီးရှိ ကျောင်းသားလူငယ်များ၊ မိဘပြည်သူများကို ပြန်လည်မျှဝေပြီး မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် - ၆၇၅၀၀၀၀ (ခြောက်ဆယ်ခုနှစ်သိန်းငါးသောင်း)နှင့် မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်း အတွက် ငွေကျပ် - ၁၀ သိန်းအား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ တိုင်းရင်းသားရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  အဆိုပါ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ၂/၂၀၂၃ သို့ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်ဆွေးနွေးသွားမည် ဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိခင်နို့တိုက်ကျွေးရေးနှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများအား စိတ်ဝင်စားကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအား သြဂုတ်လတစ်လလုံး ဆောင်ရွက်ရာတွင် ပထမရက်သတ္တပတ်အား မိခင်နို့စနစ်တကျတိုက်ကျွေးရေးလှုပ်ရှားမှုများ၊ ဒုတိယရက်သတ္တပတ်ကို ၅ နှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုများ၊ တတိယရက်သတ္တပတ်အား ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချို တိုက်ကျွေးနိုင်စေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့နှင့်အညီလုပ်ငန်းခွင်မှ မိခင်များလုပ်ငန်းခွင် မပျက် မိခင်နို့တစ်မျိုးတည်းအား ၆ လအထိတိုက်ကျွေးနိုင်ရေးနှင့် ကလေးအသက် ၂ နှစ်အထိ သင့်လျော်သော ဖြည့်စွက်စာကျွေးခြင်းနှင့်အတူ မိခင်တို့ဆက်လက်တိုက်ကျွေးနိုင်ရန် လုပ်ငန်း ခွင်မှမိခင်များအတွက် ပတ်ဝန်းကျင်ကောင်းများရှိလာစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားသို့ တက်ရောက်လာကြသော အသက် ၅ နှစ်အောက်ကလေးငယ်များအား အင်အားဖြည့် ဗီတာမင်အေဆေးလုံးများ လိုက်လံတိုက်ကျွေးကြပြီး အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ဗီတာမင်ဆေးများပြသထားရှိမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

0-02-06-a2bef632fbc6f523ce9750ff846c4fa1a288944c1eed1b8d8d7b4f634e145778_9cb0e68aac5569d2.jpg

0-02-06-80a33d184c7ec931f4f6793e268186980ff9fdcf6972d400751bd3e65a575cef_ad7dd214b447cb34.jpg

0-02-06-08110c08926fdf5701753228d65ba5038370a0c794493628ced69b2fe15d9a3b_a35ed6f3c5f16a2f.jpg

 

0-02-06-61a7727e3b0ce60b869e6841e03e25b88395232e792e455ec7227d0ce55c0ab0_7ba468d45dcb89b2.jpg

0-02-06-7ed2b926a506f97057384f42afab2b6cb76318fbd6ea4f4563e143b78ea71f5b_20de5a36cdebb667.jpg

 

 

 

 

 

 

မုံရွာ သြဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို သြဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာအခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လုပ်ငန်းစဉ်များအား အေးချမ်းစွာဖြင့်အောင်မြင်အောင် ဆောင်ရွက် နိုင်ရန် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ပါကြောင်း၊ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်း များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လုံခြုံရေးကိစ္စရပ်များအား နေ့မအားညမနား ကြိုးစား ဆောင်ရွက်နေကြသည်ကို အလေးထားအသိမှတ်ပြုသည့်အနေဖြင့် အခြေခံစားသောက်ကုန် ဆန်နှင့်ဆီများကို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင် မှုသည် မွန်မြတ်ကောင်းမွန်သော လုပ်ဆောင်မှုပင်ဖြစ်ပါကြောင်း၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ဆိုးကျိုးကို ပြည်သူများခါးသီးစွာ ခံစားနေကြရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများက အားကိုးမှုမြင့်မားနေပါကြောင်း၊ ပြည်သူများ၏ဘ၀ လုံခြုံအေးချမ်းရန် အတွက် တာဝန်ကျေပွန်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန် များအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား စစ်မှုထမ်းဟောင်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သြဂုတ်လ ၈ ရက် နှင့် ၉ ရက်နေ့ တို့တွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ နိုင်ငံတော်၏ အခြေအနေအရ သက်တမ်းထပ်မံတိုးမြှင့်သည့်ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်သင့် သည်များနှင့် အသစ်ထပ်မံချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် ပတ်သက် ၍လည်းကောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက် သင့်သည်များအားလည်းကောင်း အသေးစိတ်လမ်းညွှန်မှာကြားချက်များကို သြဂုတ် ၁၄ ရက်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစိတ်ချပြရှင်းလင်း ပြောကြားသည်။ အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

0-02-06-edaf9fe5fcf7061d4e5bcf5a1544de42dcd7ff921aef856ea76f027f8890fd02_55cd2abdc91bb9cd.jpg

0-02-06-2122c7c7d05638e523cb55b6c5931ff9d7a24aaa94efd66dab1ecd7aad3a1eca_550d817f75cad463.jpg

0-02-06-a40370f1ee151a51f4d1acf9ecccf79b3ce3a2479a79f02c4b347f7218336f2a_caa4c1bd324816e1.jpg

မုံရွာ သြဂုတ် ၁၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု များအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက်အရေးပါသည့် အင်အား တစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေရန် စာသင်ကျောင်းများမှ အစပြု၍ ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာ ပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များအား ချမှတ်ထူထောင်လျက်ရှိပါကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် physical education အချိန်များတွင် ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်ခြင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခြင်းတွင် ကိုယ်ကာယကြံ့ခိုင်မှု၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက် နိုင်မှုများ ရှင်သန် တိုးတက်လာမှာဖြစ်သည့်အတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများအား ကျေးလက်ဒေသပါ မကျန်ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများမှတဆင့် ကျန်းမာရေးအသိပညာပေး သတင်းစကားများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့် များသည် ကျောင်းသားလူငယ်များမှတဆင့်  ပြည်သူလူထုအတွင်းသို့ ရောက်ရှိသည့်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းအား တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း မြင့်မား စေရန် ဦးတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး ပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန် ပြည့်စုံသည့် လူငယ်များ‌မွေးထုတ်နိုင်ရန်အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထု တို့ပူးပေါင်းပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်း ပတ်လှုပ်ရှားမှု များအထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး မုံရွာပညာရေးလေ့ကျင့်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ကျောင်းကျန်းမာရေးသီချင်းဖြင့် သရုပ်ပြသီဆိုဖျော်ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ချီးမြှင့် ခဲ့သည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများ အား သန်ချဆေးများတိုက်ကျွေးကြပြီး အဟာရဖြည့်စွက်အစာများနှင့် သွားတိုက်ဆေးများ အသီးသီးပေးဝေခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။   

10.jpg9.jpg

11.jpg

 

12.jpg

 

သတင်း အချက်အလက်