မုံရွာ နိုဝင်ဘာ ၂၅

ဘုရားဖူးလာရောက်ကြသည့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာ ပွားများနိုင်စေရန်အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရင်ပြင်တော် သန့်ရှင်းရေးလုပ်ငန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော် ပတ်ဝန်းကျင်အတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေး မွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေး အဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာ ယာရေးလုပ်ငန်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေး လုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် နှင့် တာဝန်ရှိသူများက အနောက်ဘက်ကန်သာယာကန်ပတ်လမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ စတီးလက်ရန်းများတပ်ဆင်နေမှု၊ လျှပ်စစ်မီးတိုင်များတပ် ဆင်ခြင်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် မြေထိန်းနံရံလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများအား လိုက်လံရှင်းလင်းပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့်အချိန်မီ ပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေ ဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြည်ရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

0 02 06 c7cdacd5359d0c3cd23b7b2fc616afec44cfc87108dad7ca50503abef9828753 efb5c4ea93c0fe66

0 02 06 c7cdacd5359d0c3cd23b7b2fc616afec44cfc87108dad7ca50503abef9828753 efb5c4ea93c0fe66

 

 

 

သတင်း အချက်အလက်