မုံရွာ ၊ အောက်တိုဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးဆေးကုသရေး အစီအစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆေးကုသမှုဆောင်ရွက်ရာသို့ လာရောက်ပြသမှုခံယူနေကြသော မုံရွာခရိုင် အတွင်းရှိလူနာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပါမောက္ခ/အထူး ကုဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားကာ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်ပြသမှုခံယူ နေကြသောလူနာများအား နေ့လည်စာစားသောက်ဖွယ်ရာများ အသီးသီးလိုက်လံ ဝေငှခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသရေးအစီအစဉ်တွင် အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ ဦးနှောက်နှင့်အာရုံကြောရောဂါ၊ အထွေထွေရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ အရိုး၊အကြော၊ အဆစ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ အထူးကုဆရာ ဝန်ကြီးများက မုံရွာမြို့မှ အထူးကုဆရာဝန်ကြီးနှင့်အတူ မုံရွာခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဆေးကုသမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ရာ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါ လူနာ - ၃၇ ဦး၊ ဦးနှောက်နှင့်အာရုံကြော ရောဂါလူနာ - ၇၉ ဦး၊ အသည်းရောဂါလူနာ - ၄၁ ဦး၊ နှလုံး ရောဂါလူနာ - ၁၀၀ ဦး၊ အရိုး၊ အကြော၊ အဆစ်ရောဂါလူနာ - ၁၂၀ ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါလူနာ - ၆၅ ဦး၊ အထွေထွေရောဂါလူနာ - ၁၁၂ ဦး၊ အထွေထွေခွဲစိတ်လူနာ - ၂၃ ဦး၊ မျက်စိရောဂါလူနာပြင်ပလူနာ - ၁၈၉ ဦး၊ အကြီးစားခွဲစိတ်လူနာ - ၂၀ ဦး၊ အသေးစားခွဲစိတ်လူနာ - ၂ ဦးနှင့် ကလေးလူနာ ၁ဦး စုစုပေါင်းလူနာ - ၇၈၉ ဦးအား အထူးကုဆရာဝန်ကြီးများက စမ်းသပ်ခွဲစိတ်ကုသပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းနှင့် အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ် ၁၂၈ ဦးအား Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးနေမှုများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများနှင့် နေ့လည်စာစားသောက်ဖွယ်ရာများ အသီးသီးဝေငှခဲ့ကြောင်း သိရသည်။

771.jpg

772.jpg

773.jpg

 

သတင်း အချက်အလက်