မုံရွာ ၊ စက်တင်ဘာ ၁၉

မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် ဝါတွင်းကာလအတွင်း သီတင်းသုံးနေကြသော ဆရာတော်၊သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ် သော ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ  ( ၅ ) မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လယ်တီတိုက်သစ်ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်ကြီး များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီး များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။  ဆက်လက်၍ လယ်တီတိုက်သစ် ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်တီတိုက်သစ်ကျောင်းတိုက် ဆရာတော်ကြီးနှင့် သံဃာတော်၊ အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်ရှိ တော်ဝင်ဘုံစံ ကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တနန္ဒိယ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။ အဆိုပါ မုံရွာ မြို့ပေါ်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်နှင့် တော်ဝင်ဘုံစံကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော် ၃၈ ပါးအတွက် ၁ လစာ ဆွမ်းဆန်တော် - ၁၂ အိတ်၊ ဆီ - ၂၂ ပိဿာ ၊ ဆား - ၉ ပိဿာ ၊ ကုလားပဲ - ၂၂ ပိဿာ နှင့် ကြာဇံ - ၉ ပိဿာ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

0-02-06-b5867a0a70e1523aa618ba9f3818b933a15dd794cf82b37dd478aec01d24f685_38d677d0464ff9ff.jpg

0-02-06-2f2a75b71651525f2617fcef71436b4a19a4f15187ca9c892f2c70dbe1f6ed7d_c48af6680126a19.jpg

0-02-06-84da8ad7a3127af284a2564ce1b02af2f46a6aaa83152711f8ae7e680d84db90_2f0ea4558a2db2ef.jpg

 

သတင်း အချက်အလက်