မုံရွာ ၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အိုဇုန်းလွှာ နေ့ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်း သား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီး မြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာနေ့ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရေ/လေအရည်အသွေးစစ်ဆေးရေး ကိရိယာများနှင့် ဆုရပန်းချီများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။