ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မဟာဇောတိကာရာမ ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်း၊ ဝတ္တုငွေ၊ ဆွမ်း ဆန်တော်နှင့်ဆီတို့အား ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယင်းမာပင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယင်းမာပင်ခရိုင်/ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး၊ ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို Online မှ ခြိမ်းခြောက်မှုများရှိနေသော်လည်း ခြိမ်းခြောက်မှုကိုဂရုမပြုဘဲ မိမိတာဝန်အပေါ် သစ္စာရှိစွာဖြင့် ကျေပွန်စွာ ဆောင်ရွက်နေသူများအား အသိအမှတ်ပြုပြောဆိုကာ အခက်အခဲနှင့်လိုအပ်မှုများကို ပေါင်းစပ် ဖြည့်ဆည်းမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက် ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယင်းမာပင်ခရိုင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ်ရာများ၊ ပုလဲမြို့နယ်၊ တောင်ပိုင်း ရပ်ကွက်၊ မီးဘေးသင့်အိမ်ထောင်စု (၉)ဦးအား ငွေကျပ်- ၁၀၅၂၂၂၀၀ - (တစ်ရာ့ငါးသိန်း နှစ်သောင်းနှစ်ထောင့်နှစ်ရာ)ကျပ်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ ထံသို့ ပေးအပ်ခဲ့ပြီး၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ယင်းမာပင်မြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် - ၅ သိန်း နှင့် စားသောက်ဖွယ်ရာများအား လည်း ကောင်း၊ တိုင်းဒေသကြီးလမ်းပန်းသွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပုလဲမြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများအတွက် ငွေကျပ် - ၅ သိန်းစီနှင့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်မြို့၊ ပြည်သူဆေးရုံအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် တစ်နာရီ လျှင် လီတာ(၄၀)ဆံ့၊ အောက်ဆီဂျင်အိုး (၈)လုံးထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းနိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌတို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်