ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၅)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာခရိုင်၊ အရာတော်မြို့၊ သီရိမင်္ဂလာကန်ဦးကျောင်းတိုက်၊ ဆရာတော်ကြီးထံ ဝတ္တုငွေ၊ လှူဘွယ် ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေး ဆိုင်ရာ များ လျှောက်ထားခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အရာတော်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်စွာ နေထိုင်ရေး၊ လူမူမိဒီယာများတွင် ဝန်ထမ်းများနှင့် ပတ်သက်၍ မဟုတ်မမှန်ပြောဆိုနေမှုများ၊ အကြောက်တရားဖြစ်ပေါ်အောင် ခြိမ်းခြောက်လုပ်ဆောင်နေမှုများကို သတိတရားရှိစွာဖြင့် နေထိုင်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာတော်မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေး၊ မြို့ သန့်ရှင်းသပ်ရပ်သာယာရေး၊ မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး အရာတော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အရာတော်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာရှိ သမိုင်းဝင်ရွှေဂူနီ စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ထံ အလှူငွေကျပ် - ၅ သိန်းအား ပေးအပ်လှူဒါန်းခဲ့ပြီး မြောက်ဘက် မုဒ်ဦးရှိ တပြားတိုက်ကျောင်းဆောင် အဆောက်အဦအမိုး ပြန်လည်ပြုပြင်မွန်းမံနေမှုနှင့် စေတီတော်ကြီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


 

သတင်း အချက်အလက်