ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဖေဖော်ဝါရီလ (၃)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာခရိုင်၊ ချောင်းဦးမြို့၊ ဧရိပ်မွန်(၂) အမျိုးသမီးပရဟိတဂေဟာတွင် ကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့် လှစ်သော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒီကနေ့သင်တန်းဆင်း သင်တန်းသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရမှ ငွေကြေးအကုန်အကျခံပြီး ဌာနဆိုင်ရာ များရဲ့ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပို့ချပေးတဲ့ အသက်မွေးဝမ်းကြောင်းကို အထောက်အကူပြုသည့် ပညာရပ်တစ်ခု တက်မြောက်ခြင်းသည် မိမိနှင့်မိမိတို့၏ မိသားစုကို အကျိုးကျေးဇူးများစွာ ရရှိမှာဖြင်သည့်အတွက် လက်တွေ့မှာအကျိုးရှိစွာ အသုံးချသွားကြစေလိုပါကြောင်း ပြော ကြားပြီး သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေး အပ်ပြီး ဧရိပ်မွန်(၂) အမျိုးသမီးပရဟိတဂေဟာ ကျောင်းအုပ်ဆရာလေးထံ အလှူငွေကျပ် (၃)သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက သင် တန်းသူများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးခဲ့ပြီး သင်တန်းသူများ စက်ချုပ်နေမှုနှင့် သင်တန်းသူများချုပ်လုပ်ထားသော အဝတ်အထည်များအား လှည့်လည်ကြည့်ရှု အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့၊ အနော်ရထာခန်းမတွင် ကျင်းပသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများကို ပြော ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ချောင်းဦးမြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေး လျှက်ရှိသော ဒေသဖံွ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းသပ်ယပ်သာယာရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားပြီး ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ချောင်းဦးမြို့နယ် အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဌာန ဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ထံသို့ လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် ငွေကျပ် - ၅ သိန်းအား မြို့နယ် ရဲမှူးထံသို့ လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ် စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။