ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၁-၂၀၂၂ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး လုပ်ငန်းညှိနိုုင်းအစည်းအဝေးကို ဇန်နဝါရီလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး / ခရိုင်အဆင့် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့ တိုင်းဒေသကြီး ဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုကောင်းမွန်သည့်အတွက် စပါးစိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ နွေစပါးစိုက်ပျိုးမှုမှာ ဆည်ရေရရှိ မှုကို အဓိကအားထားကာ မှီခိုစိုက်ပျိုးရတာကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်နွေစပါး နှင့်အခြားသီးနှံ စိုက်ပျိုးရန်အတွက် ရေပေးဝေမည့်သဖန်းဆိပ် ရေလှောင်တမံတွင် ပြည့်စုံသည့် ရေဧရိယာပမဏ သိုလှောင်ထားပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ် သည့်ပြင်ဆင်မှုများကို အချိန်မီဆောင်ရွက်ထားကာ မျိုးကောင်းမျိုးသန့်များကို နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရန်ရာတွင် အထွက် နှုန်းတိုးရေးအတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာကို သက်သာသောနှုန်းဖြင့် ထောက်ပံ့ပေး ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီမှာ နွေစပါးလျာထား ဧက စုစုပေါင်း - ၃၄၇၂၀၀ (သုံးသိန်းလေးသောင်းခုနှစ်ထောင်နှစ်ရာ) ဧက လျာထားပြီး နွေအခြားသီးနှံလျာထားဧက - ၇၉၁၃၀ (ခုနှစ်သောင်းကိုးထောင့် တစ်ရာ သုံးဆယ်)ဧက၊ စိုက်ပျိုးမှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ အရင်းအမြစ်များနဲ့ တိုင်းဒေသကြီး ကောင်းကျိုးအတွက် ကြိုးစားလုပ်ဆောင်လိုသော စေတနာတို့ပေါင်းစပ်ကာ ရာခိုင်နှုန်းပြည့် စိုက်ပျိုး ပြီးစီးအောင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းလွင်က နွေစပါးနှင့်အခြားသီးနှံ လျာထားစိုက်ပျိုးမည့် အစီအစဉ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးစောသက်ခိုင်ဝင်းမှ စိုက်ပျိုးရေပေးဝေရေးအတွက် လုပ်အားလိုအပ်မှု အခြေအနေများကို လည်းကောင်း၊ ရွှေဘိုနှင့်ရေဦးခရိုင်တို့မှ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ လက်ထောက်ညွှန်ကြားရေးမှူးများက သဖန်းဆိပ် ဆည်ရေသိုလှောင်ထားမှုနှင့် ဆည်ရေပေးဝေမည့် အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်မှ မြစ်ရေတင်များမှ မြစ်ရေတင်နှင့်စက်ရေတွင်းများ ရေပေးဝေမည့် အစီအစဉ်များအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကိုကိုက ထွန်ယက်ရေးနှင့် ကောက်စိုက်စက်များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဝင်းလိူင်ဦးက နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက် ထားရှိမှုများအား လည်းကောင်း၊ ရွှေဘိုနှင့်စစ်ကိုင်းခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Videoconferencing စနစ်ဖြင့် လည်းကောင်း၊ ကန့်ဘလူနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က နွေစပါးနှင့်အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး ဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး တို့က တိုင်းဒေ သကြီးအတွင်း နွေစပါးနှင့်အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူ များမှ အထွေထွေဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

 

သတင်း အချက်အလက်