မုံရွာ နိုဝင်ဘာ ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် နိုဝင်ဘာလ(၁၉)ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့၊  အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမတွင် အသက် ၁၂ နှစ်အထက် ကျောင်သား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကူးဆက်မှုမရှိစေရေးအတွက် ကာကွယ်ဆေး များထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးထံ ဆရာ၊ဆရာမများနှင့် ကျောင်း သား၊ကျောင်းသူများအတွက် ငွေကျပ် ၅ သိန်းတန်းဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက် - ကလေးဝလမ်း မိုင်တိုင်အမှတ် ၁၈/၁၊ ၁၈/၂ ကြားရှိ တံတားအမှတ်  ၅/၃၀၊  အရှည် - ၄၀ ပေ၊ အကျယ် - ၂၄ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တံတား တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလေး ဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာဇောတ ဆရာတော်ကြိးနှင့် သံဃာတော်များထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန် စိမ်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ကလေး၀မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့က မြို့နယ်နှင့်ခရိုင်အတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အခွန်အခကောက်ခံနေမှု၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကာကွယ်ဆေး များထိုးနှံပေးနေမှု၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု၊  မြို့သန့်ရှင်းသာယာရေးလုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြို့သောက်သုံရေရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ မြို့သန့်ရှင်းသာယာရေးတို့နှင့်ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများကို မိမိထမ်းဆောင်ရသည့် တာဝန်များအား ကျေပြွန်စွာ ဆောင်ရွက်သွားရေးကို အလေးအနက်ထားမှကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် ဒေသခံပြည်သူများအား နိုင်ငံသား စီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြား (၃၇၄) ကတ်အား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်သူများထံ  အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်