မုံရွာ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာလ (၁၈)ရက်၊ မွန်းလွဲပိုင်းတွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့ရှိ ကြောင်ပန်းဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ မော်လိုက်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၏ ဆရာတော်ကြီးများထံ  သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက် မြို့၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် ဒေသခံပြည်သူများအား နိုင်ငံ သားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များက ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြား (၇၆၀)ကတ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်သူများထံ  အသီးသီးပေးအပ်ခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက်မြို့ခရိုင် ပြည်သူ့ဆေးရုံ ကုတင်(၅၀)ဆံ့သို့ရောက်ရှိရာ ဆေးရုံအဆောက်အဦအား သပ်ရပ်ကောင်းမွန် စေရေးအတွက် ပြန်လည်မွန်းမံခြင်း၊ ဆေးသုတ်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးနောက် ဆေးရုံသို့ ရောက်ရှိလာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီး ကြိုဆိုနုတ်ဆက်ကြပါသည်၊ ထို့နောက် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆေးရုံ၏လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး မော်လိုက်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် ရုံတက်လူနာများအား  ငွေကျပ် - ၅သိန်း(ငါးသိန်း)တန်ဖိုးရှိ စားသောက် ဖွယ်ရာများနှင့် ၄၀ လီတာဆံ့ အောက်ဆီဂျင် - ၂၀ လုံး၊ အောက်ဆီဂျင် ကွန်ဆန်ထွေတာ - ၅ လုံးတို့အား ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက်မြို့၊ မြို့မ(၂)ရပ်ကွက် အောင်သာယာရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုနှင့် ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေ ပိုင်းတွင် မော်လိုက်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝဏ္ဏထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးအေးလွင်တို့က မြို့နယ်နှင့်ခရိုင်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခွန်အခကောက်ခံနေမှု၊ အခြေခံပညာကျောင်း များဖွင့်လှစ်ထားရှိမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု၊  မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်း အချက်အလက်