မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတ ရေးရာျဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းမြို့၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၈)ရက်၊ နံနက် ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ရှိ  ပရိယတ္တိစာသင်တိုက်၊ ဦးဉာဏိက ဆရာတော်ကြီးနှင့် သာသန ဇောတိကကျောင်းတိုက် ဦးဣန္ဒဝံသ ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် အလှူတော်ငွေတို့အား  အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆ်ိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဆောင် ရွက်နေသည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများ စားနပ်ရိက္ခာ ပြည့်ဝပိုလျံရေးအတွက် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နေမှု အခြေအနေများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုအခြေအနေများနှင့် မြို့ရွာသန့်ရှင်းသာယာသက်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာများအား ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ဟုမ္မလင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဇော်မှ ဟုမ္မလင်းမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ခန္တီးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုအောင်တို့မှ ခန္တီးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား အသီးသီး ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်အရ ဆောင်ရွက်ထား ရှိသည့် နိုင်ငံသားစီစစ်ရေးကတ် - ၂၆၂၂ ကတ်၊ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်နေသည့် ထောက်ပံ့ပေးအပ်ငွေ ကျပ်-၁၄၀၁,၅၉၆,၆၃ (တစ်ထောင့်လေးရာ တစ်သိန်းကျော်)အား ပေးအပ်ရာ တိုင်းရင်းသား ကိုယ်စားလှယ်များက လက်ခံရယူပြီး ဆက်လက်၍ ထောက်ပံ့ငွေ၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုးများ၊ Concentrator များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် ဓာတ်မြေသြဇာနှင့် ပိုးသက်ဆေးများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပေးအပ်ရာ တာဝန်ရှိသူအသီးသီး လက်ခံရယူခဲ့ကြပြီး ဒေသခံတိုင်းရင်းသား ဦးကျော်စွာလွင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဟုမ္မလင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက လှိုက်လဲ ဝမ်းသာစွာဖြင့်ကြိုဆိုနူတ်ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက် လူနာများ စားသောက် ရန်အတွက်  ငွေကျပ် - ၅ သိန်းကျော်တန်ဘိုးရှိ စားသောက်ဖွယ်ရာများ တိုင်းဒေကြီး ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် သူနာပြုများက လက်ခံရယူကြပြီး ကျန်းမာရေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၌ အောက်ဆီဂျင်ထုတ်လုပ်ရေးစက် ထားရှိမည့် အဆောက်အဦတည်ဆောက်နေမှုအား ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

သတင်း အချက်အလက်