မုံရွာ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် စက်တင်ဘာလ(၁၂)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ငွေသာခန်းမတွင်ကျင်းပသော ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် ဒေသခံတောင်သူများအနေဖြင့် မိုးစပါးတစ်ဧက တင်း - ၁၀၀ အထိထွက်ရှိရေး၊ ချည်မျှင် ရှည်ဝါများတိုးချဲ့စိုက်ပျိုးကာ ယခင်အထွက်နှုန်းအထက် ၂ ဆတိုးထွက်ရှိစေရန်၊ တောင်သူများဘ၀ တိုးတက်မြင့်မားလာစေရေးနှင့် ဝင်ငွေများတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ် ရခြင်းဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သီးနှံအထွက်တိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦး က စိုက်ပျိုးရေး သွင်းအားစုများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များထံ စိုက်ပျိုးရေးသွင်းအားစုများအား အသီးသီးပေးအပ်ကာ ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းကာ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ပုလဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ ပုလဲရတနာခန်းမတွင် ကျင်းပသော ပုလဲမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက သီးနှံအထွက်တိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍အကြံပြုဆွေးနွေးပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦး က စိုက်ပျိုးရေးသွင်းအားစုများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များထံ စိုက်ပျိုးရေးသွင်းအားစုများအား အသီးသီးပေးအပ်ကာ ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းကာ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဒေသခံတောင်သူများနှင့်အတူ ပုလဲမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀မြေသြဇာ သဘာဝပိုးနှင်ဆေးပြုလုပ်နည်း သရုပ်ပြသနေမှုအား ကြည့်ရှု့အားပေးပြီး ယင်းမာပင်မြို့နယ်၊ ငါးမောင်းကျေးရွာ၊ တောင်သူဦးအောင်ဆွေ စိုက်ပျိုးထားသော ဧရာမင်းစပါး - ၁၀ ဧကတွင် ၁ -ဧက တင်း ၁၀၀ ထွက်ရှိရေးစံပြကွက်အတွင်း မြေသြဇာကြဲပတ်နေမှုနှင့် သမန်းနိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်မြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ယင်းမာပင်မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက သီးနှံအထွက်တိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍အကြံပြု ဆွေးနွေးပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက စိုက်ပျိုးရေးသွင်းအားစုများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များထံ စိုက်ပျိုးရေးသွင်းအားစုများအား အသီးသီးပေးအပ်ကာ ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းကာ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ယင်းမာပင်ခရိုင်အတွင်း ပြောင်းလဲသုံးစွဲမည့် မျိုးကောင်း မျိုးသန့်များနှင့် စိုက်ပျိုးရေးသွင်းအားစုများအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များရှိ ဒေသခံတောင်သူများ ထံ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများဖြစ်သည့် ဇာမဏီကွန်ပေါင်းဓာတ်မြေသြဇာ-၁၅၀ အိတ်၊ ရွက်ဖြန်းအားဆေး -၃၀၀ အိတ်၊ ကောမတ်ဂျစ်ပ်ဆမ်မြေသြဇာ - ၁၅၀ အိတ်၊ EM - ၁ လီတာ ၃၀၀ ဗူး၊ ရွှေတောင် ၈ မျိုးသန့်ချည်မျှင်ရှည်ဝါမျိုးစေ့ - ၃ ပိသာဝင်အိတ်- ၂၁၀ အိတ်၊ ဆေးဖြန်းပုံး - ၉ ပုံး တို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်