မုံရွာ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမူရေးအသင်းအဖွဲ့များတွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၀)ရက်၊ နံနက်(၁၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်း ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့မှ ဆရာဝန်များအသင်း၊ စာရေးဆရာများအသင်း၊ ဇာတ်သဘင်အစည်းအရုံး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များမှ ကိုယ်စားလှယ် အသင်းဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “ ယခုအချိန်အခါတွင် ကမ္ဘာနှင့်တစ်ဝှမ်း တွေ့ကြုံနေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမူရေးအခက်အခဲများ တွေ့ကြုံနေရသည်ကို သိရှိနားလည်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှာရှိတဲ့ လူမူရေးရာလုပ်ငန်းများကို ကိုယ်ရောစိတ်ပါနှစ်မြုတ်ပြီး စေတနာ၊ဝါသနာ၊အနစ်နာစတဲ့ နာသုံးနာကို အခြေခံပြီး လူမူရေးလုပ်ငန်းများကို မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ကြိုးပမ်းဆောင်ရွက်နေကြတာကိုတွေ့ရလို့ ဝမ်းသာပီတိဖြစ်ပါကြောင်း၊ မိမိတို့အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ယခုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီရဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ” ပြောကြားကာ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆရာဝန်များအသင်း၊ ဇာတ်သဘင်အစည်းရုံးနှင့် စာရေးဆရာများအသင်းတို့မှ တာဝန်ရှိသူများထံ ဆန်နှင့်ဆီများပေးအပ်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စစ်မှုထမ်းဟောင်းအဖွဲ့သို့လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က မီးသတ်တပ်ဖွဲ့သို့လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ရှိသူများထံ ဆန်နှင့်ဆီများ အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ ဆရာဝန်များအသင်း၊ စာရေးဆရာများအသင်းနှင့် ဇာတ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြန်လည် ပြောကြာကာ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးကာ အခမ်းအနားသို့ တက်ရောက်လာကြသော လူမူရေးအသင်းအဖွဲ့ဝင်များအား နှာခေါင်းစည်း Mask များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမူရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားတွင် ဆရာဝန်များအသင်း၊ စာရေးဆရာများအသင်း၊ ဇာတ်သဘင်အစည်းအရုံး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များသို့ ဆန် - ၃၁၀ အိတ်၊ ဆီ - ၃၁၀ ပုလင်းနှင့် နှာခေါင်းစည်း Mask - ၃၀၀၀ ခု ကာလတန်ဘိုးငွေကျပ်သိန်း - ၅၁၅၀၀၀ဝိ (ငါးဆယ့် တစ်သိန်းငါးသောင်း)အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

You can visit us at facebook

သတင်း အချက်အလက်