စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်သော မုံရွာမြို့ရှိ နတ်လူထိပ္ပန် တောင်သူနည်းပညာပေးစင်တာ ဆောင်ရွက် ထားရှိမှုများ ပြသခြင်းနှင့် သီးနှံမျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက်၊ မွန်းလွှဲပိုင်းတွင် မုံရွာခရိုင်၊ အရာတော်မြို့နယ်သို့ ရောက်ရှိကြပြီး သလဲဘာ-ကျောက်ကုန်း (မူးမြစ်ကူး) တံတား တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရူ့စစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသမီးလင်းရေး အစီအစဉ်အရ ဆိုလာပြား အချပ်ရေ(၄၉၂)ချပ်အား မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လယ်နောင်၊ တုံးပု၊ ဂဟဲ၊ ညောင်ကုန်း၊ နားဖာ၊ နားရခေါင်၊ ရွာသစ်ကုန်းကျေးရွာ စုစုပေါင်း(၇)ရွာအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် အပြီးတပ်ဆင်ပေးခဲ့ကြောင်းသိရသည်။

j17

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ဇွန်လ (၁၂)ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးဝမြို့နယ်   မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် ဆောက်လုပ်နေသော  ရွှေတိဂုံပုံတူ ဉာဏ်တော်(၁၀၈)တောင်ရှိ လေးကျွန်းရန်အောင်စေတီတော်ကြီး တည် ဆောက်နေမှုနှင့် အောင်စင်္ကြာစေတီတော် တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့်ရူ့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

j17

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီး ဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ဇွန်လ (၁၂)ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးဝမြို့နယ်   မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် ဆောက်လုပ်နေသော  ရွှေတိဂုံပုံတူ ဉာဏ်တော်(၁၀၈)တောင်ရှိ လေးကျွန်းရန်အောင်စေတီတော်ကြီး တည် ဆောက်နေမှုနှင့် အောင်စင်္ကြာစေတီတော် တည်ဆောက်နေမှုတို့အား လှည့်လည်ကြည့်ရူ့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မြင်းမူ  ဇွန်(၇)

၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ(၆)ရက်က မြင်းမူမြို့၊ ရွှေပြည်သစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် မြင်းမူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့်လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်က ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် မြင်းမူ မြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေအနက်မှ ကျပ်(၅၅ဝ ဒသမ ၅)သိန်းဖြင့် သောက်သုံးရေ ရရှိရေး လုပ်ငန်း(၁၄)ခု၊ ကျပ်(၃၇၂ ဒသမ ၃)သိန်းဖြင့် လမ်းတံတား(၈)ခု၊ ကျပ်သိန်း(၅၀)ဖြင့် အခြားလုပ်ငန်း(၁)ခုတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်နှင့် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်များက မိမိတို့ဒေသအလိုက် အဓိကဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Page 1 of 2

သတင်း အချက်အလက်