၂၀၁၇ခုနှစ် သြဂုတ်လ (၂) ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေရုံး၌ စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲရုံး ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါအဖွဲ့ခွဲရုံးသည်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် တိုင်ကြားစာများကို စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခြားကော်မရှင်များနှင့် အဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးနေသည့် တိုင်ကြားစာ ကိစ္စရပ်များကိုမူ လုပ်ငန်းတာဝန်များ ရောထွေးမှုမရှိစေရန် အတွက် လက်ခံဆောင်ရွက်ခြင်း ပြုမည် မဟုတ်ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲရုံးသို့ ဆက်သွယ်လိုပါက ဖုန်းနံပါတ် ■ ၀၉ ၄၂၇၃၉၇၃၅၃ ■ ဖြစ်ကြောင်း သတင်းရရှိပါသည်။
(၂၇-၇-၂၀၁၇)ရက်နေ့ ညနေ (၃)နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပင်လယ်ဘူး-ဖောင်းပြင်လမ်းသို့ သွားရောက်စစ်ဆေး၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။